ရီးရဲလ်အနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကတည်းက ပေါ့ဘာကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။

ဒဏ်ရာပြဿနာရှိနေတဲ့ ပေါ့ဘာအနေနဲ့ အချိန်ကာလတစ်ခုအထိ အနားယူနေရသူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့ ကွင်းလယ်က စားသမား ပေါ့ဘာအနေနဲ့ ရီးရဲလ်အသင်းတာဝန်ရှိသူအချို့နဲ့သီးသန့်တွေ့ဆုံဆွေးနွေးမှုအချို့ပြုလုပ်ခဲ့တယ်လို့ စပိန်မီဒီယာအများစုက ဖော်ပြလာပါတယ်။

လက်ရှိမှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိဘဲ သီးသန့် လေ့ကျင့်မှုသာပြုလုပ်နေရတဲ့ ပေါ့ဘာအနေနဲ့ ယူအေအီးနိုင်ငံတွင် ရီးရဲလ်နည်းပြနဲ့ သီးသန့်တွေ့ဆုံခဲ့တာဖြစ် တယ်လို့ Mirror.com က အခိုင်အမာဖော်ပြလာတာပါ။



ရီးရဲလ်နည်းပြဇီဒန်းအနေနဲ့ လာမယ့်ရက်သတ္တပတ်အတွင်း ယူအေအီးနိုင်ငံမှာ အားကစားဆိုင်ရာကွန်ဖရင့်စ်တ က်ရောက်နေတာဖြစ်ပြီး ပေါ့ဘာအနေနဲ့ အပြောင်းအရွှေ့အတွက် အလွတ်သဘောတွေ့ဆုံခဲ့တာဖြစ်တယ်လို့လ ည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုတွေအရ ပေါ့ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာပြီး စိန်ခေါ်မှု အသစ်တွေကိုရင်ဆိုင်ဖို့ အသင့်ရှိနေသူဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက အရိပ်အမြွတ်ထုတ်ဖော်ပြော ဆိုထားတဲ့အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာရန်နီးစပ်နေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးတဲ့ ပေါ့ဘာကို ခေါ်ယူလိုတဲ့အသ င်းအချို့ရှိနေခဲ့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ကစားသမားဘဝရဲ့လေးစားရသူဖြစ်တဲ့ ဇီဒန်းနဲ့လက်တွဲ လိုတယ်လို့ ဆိုထားခဲ့သူပါ။

Share

Loading Next Article...
က္က