ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းမှာ လစာငွေအများဆုံးရကစားသမားအဖြစ် ရပ်တည်နေပြီး တစ်နှစ်ကို ပေါင် ၂၇.၅သန်းအထိ ရရှိနေကာ ၂၀၂၂ ခုနှစ်အထိ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။
အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Corriere dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း ၅၀ နဲ့ ပြန်လည်ပြောင်းရွှေ့နိုုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းကလည်း ရော်နယ်ဒိုကို ပြန်သွားခွင့်ပြုဖို့ ဆန္ဒရှိနေတယ်လို့ အီတလီသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အားကစားလောကတစ်ခုလုံး ကမောက်ကမဖြစ်ခဲ့ရပြီး ဘောလုံးကလပ်တွေအများစုဟာလည်း ဝင်ငွေထိခိုက်နစ်နာမှုတွေရှိခဲ့ကြပါတယ်။ လာမယ့်လတွေမှာလည်း ဝင်ငွေမရရှိတဲ့ဒဏ်ကို ခံစားနေရဦးမှာဖြစ်ပြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လစာပေးဖို့ အခက်တွေ့နေခဲ့ကာ လစာလျှော့ချမှုတွေကို ဂျူဗင်တပ်စ်အသင်းက ပြုလုပ်ခဲ့ရပါတယ်။
ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းမှာ လစာငွေအများဆုံးရကစားသမားအဖြစ် ရပ်တည်နေပြီး တစ်နှစ်ကို ပေါင် ၂၇.၅သန်းအထိ ရရှိနေကာ ၂၀၂၂ ခုနှစ်အထိ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လစာလျှော့ယူဖို့ ကစားသမားတွေနဲ့ ဂျူဗီတို့ကြားမှာ သဘောတူညီမှုရရှိထားပြီး ရော်နယ်ဒိုက စုစုပေါင်း (၄)လစာ ပေါင် ၁ဝသန်းအထိ လျှော့ယူသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အခြားသောချမ်းသာကြွယ်ဝတဲ့ကလပ်အသင်းတွေလိုမျိုး ဂျူဗီက ကစားသမားတွေကို စာချုပ်သက်တမ်းတိုးတာ၊ အနာဂတ်မှာပေးချေရမယ့် လစာကိစ္စနဲ့ ကြွေးမြီကိစ္စတွေကို ဖြေရှင်းဖို့ အခက်တွေ့နေတာတွေက ရော်နယ်ဒိုကို ပြန်လည်ရောင်းချသွားဖို့ အကြောင်းရင်းတွေဖြစ်လာတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုကတော့ ၂၀၁၈ ကမှ ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်အတွက် ပွဲပေါင်း ၄၅၀ မှာ ၄၃၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂျူဗီအတွက်လည်း ၇၅ ပွဲမှာ ၅၃ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ချင်ပါက ဂျူဗီက ခွင့်ပြုသွားတော့မယ်လို့ သတင်းများထွက်လာခဲ့ပြီလည်းဖြစ်ပါတယ်။