''ဘာတွေဖြစ်'' ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာပါ။

ဖြိုးလေးရဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပတ်သက်ပြီး ဝါဆိုမိုးဦးက အားပေးစကားဆိုခဲ့ပါတယ်။ သူတို့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဖြိုးလေးရဲ့ တစ်ကိုယ်တော် အခွေအတွက် ဝန်းရံပေးခဲ့ကြပါသေးတယ်။

Photo: Amazing Grace

ဝါဆိုမိုးဦးက ချစ်သူဖြစ်တဲ့ အဆိုတော်ဖြိုးလေး(Snare) ရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး ဝန်းရံပေးလိုက်ပါတယ်။ ဒီအခွေကတော့ ဖြိုးလေးအတွက် ဂီတမှတ်တိုင် တစ်ခုအနေနဲ့ ထွက်ရှိလာတဲ့ တစ်ကိုယ်တော်အခွေ ဖြစ်ပါတယ်။

''Profile ဆင်တူချိန်းရအောင်ဗျို့ ဝန်းရံပေးကြပါဦး ဆိုဆိုအချစ်ကလေးကို '' ဆိုပြီးတေော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် ဖြိုးလေး(Snare) ရဲ့ ဘာတွေဖြစ်ဆိုတဲ့ အခွေကာဗာလေးကိုလည်း သူ့ရဲ့ Facebook Profile မှာ ပြောင်းတင်ပေးခဲ့တာဖြစ်ပါတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း Profile ဆင်တူလေးတွေ ပြောင်းခဲ့ကြတဲ့အကြောင်းကို Comment ကနေ တဆင့် ပြောပြခဲ့ကြပါတယ်။ Snare အဖွဲ့ အနေနဲ့ အခွေများစွာ ထွက်ရှိခဲ့သော်လည်း တစ်ယောက်ချင်းစီ တစ်ကိုယ်တော်အခွေကတော့ အခုမှ ပထမဆုံး ထွက်ဖြစ်တယ်လို့ သိရပါတယ်။ ဖြိုးလေးရဲ့ အခွေမှ Frenzon Production က အဆိုတော်တွေလည်း ပါဝင်သွားမယ်လို့ ဆိုပါတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။

Photo: ဝါဆိုမိုးဦး

ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က