ကော်တွိုက်စ်ရဲ့ အကူအညီနဲ့ ဝယ်ယူဖို့ ကြိုးစားနေတာပါ။

ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမား အီဒင်ဟာဇက်ဟာ မက်ဒရစ်မှာ အိမ်ဝယ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ဟာဇက်ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကို ပိုမိုခိုင်မာလာစေခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ စိုးရိမ်စရာ သတင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အက်ဒွါဒိုအင်ဒါရဲ့ ဖော်ပြချက်အရ အိမ်ဝယ်ယူဖို့အတွက် ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်က ကူညီပေးနေတယ်လို့ သိရပါတယ်။ ဟာဇက် ဝယ်ယူမယ့်အိမ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဂါရတ်ဘေးလ်ရဲ့

အိမ်ဖြစ်တယ်လို့လည်း Sportkeeda က ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အိမ်ပတ်ဝန်းကျင်မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ နာမည်ကျော်ကစားသမားတွေရဲ့ အိမ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

"ဟာဇက်က မက်ဒရစ်မှာ အိမ်ဝယ်ဖို့အတွက် ကော်တွိုက်စ်ရဲ့ အကူအညီနဲ့ ကြိုးစားနေပါတယ်၊ သူတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်၊ ကျွန်တော့်အမြင်အရတော့ သူ အိမ်တစ်လုံးတော့ ဝယ်ယူဖြစ်ပါလိမ့်မယ်" လို့ အက်ဒွါဒိုအင်ဒါက သူ့ရဲ့ တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။ "ဂါရတ်ဘေးလ်ရဲ့ အိမ်ကို သူ ရွေးချယ်ဖို့ များပါတယ်၊ သူက မက်ဒရစ်ကနေ ထွက်ခွာဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်၊ ဂါရတ်ဘေးလ် အခု ဝယ်ယူထားတဲ့အိမ်ကလည်း ရီးရဲလ်မှာ ကာကာ ရှိနေတုန်းက နေထိုင်ခဲ့တဲ့ အိမ်ပါ" လို့ သူက ထပ်မံရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ အဓိကကစားသမားဖြစ်တဲ့ ဟာဇက်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မကြာခင်မှာ ဆုံးဖြတ်ချက်ချမယ်လို့ ပြောကြားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဟာဇက်ကိုယ်တိုင်လည်း ချယ်လ်ဆီးမှာ ဆက်နေမှာလား၊ အသင်းပြောင်းရွှေ့မှာလားဆိုတာကို ဝေခွဲမရ ဖြစ်နေပြီး ရီးရဲလ်မှာ ကစားဖို့က သူ့ရဲ့ အိပ်မက်ဖြစ်တယ်ဆိုတာကိုတော့ ဟာဇက်က ဝန်ခံခဲ့ဖူးပါတယ်။

ကော်တွိုက်စ်ကလည်း ဟာဇက်ကို ရီးရဲလ်မက်ဒရစ်မှာ လာရောက်ကစားဖို့အတွက် အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ "သူသာ မက်ဒရစ်ကို ရောက်လာမယ်ဆိုရင် တကယ်ကို နှစ်လိုဖွယ်ရာပါပဲ။ ဒါပေမယ့် ဒီထက်ပိုပြီး ကျွန်တော် ဘာမှမပြောနိုင်တော့ပါဘူး၊ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့က သူ ဆုံးဖြတ်ရမယ့် ကိစ္စပါ၊ သူက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီးတော့ သူသာ ရောက်လာမယ်ဆိုရင်တော့ တကယ်ကို ပျော်စရာပါပဲ" လို့ ကော်တွိုက်စ်က ပြောကြားခဲ့ကြောင်း Fox Sports Asia က ရေးသားဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က