လာမယ့်ရာသီမှာ အသင်းကို အင်အားဖြည့်တင်းချင်နေတာပါ။

ရီးရဲလ်နည်းပြအဖြစ် မော်ရင်ဟိုတာဝန်ယူခဲ့စဉ်က ဗက်ကွက်ဇ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး စပါးမှာ ပြန်လည်ပူးပေါင်းချင်နေတာလည်းဖြစ်ပါတယ်။


လာမယ့်ရာသီမှာ အသင်းအင်အားတောင့်တင်းစေဖို့အတွက် စပါးနည်းပြမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားလူးကပ်ဗက်ကွက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်းသိရပါတယ်။ Football Espana ရဲ့ ဖော်ပြချက်အရ အသင်းတိုက်စစ်ပိုင်းအတွက် ဗက်ကွက်ဇ်က အသုံးတည့်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေကြောင်း သိရပါတယ်။ 

ရီးရဲလ်နည်းပြအဖြစ် မော်ရင်ဟိုတာဝန်ယူခဲ့စဉ်က ဗက်ကွက်ဇ်နဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး စပါးမှာ ပြန်လည်ပူးပေါင်းချင်နေတာလည်းဖြစ်ပါတယ်။ ဗက်ကွက်ဇ်ကို ယူရို ၂၅သန်းရရှိမယ်ဆိုပါက ရီးရဲလ်မက်ဒရစ်ကလည်း ပြန်လည်ရောင်းချဖို့အတွက် အသင့်ဖြစ်နေပြီး စပါးအနေနဲ့ သေချာညှိနှိုင်းမယ်ဆိုပါ ယူရို ၁၇ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ 

ဗက်ကွက်ဇ်ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေကြောင့် အသင်းရဲ့ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ပြန်လည်သက်သာလာချိန်မှာလည်း ဟာဇက်၊ ဗင်နီရှပ်စ်၊ အဆန်စီယို နဲ့ ရိုဒရိုင်ဂိုတို့ကြောင့် ပုံမှန်ကစားခွင့်ရရှိဖို့ ခက်ခဲနေခဲ့ပြီး အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့ဖို့ သူကိုယ်တိုင်လည်း ဆန္ဒရှိနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်အနေနဲ့ အသင်းမှာ ကစားသမားအများအပြားပိုလျှံနေတာကြောင့် လူစာရင်းကိုလျှော့ချသွားဖို့လည်း ရှိိနေပါတယ်။ အထူးသဖြင့် တောင်ပံတိုက်စစ်နေရာတွေမှာ ကစားသမားအများအပြားရှိနေပြီး ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကိုပါ သင့်တော်တဲ့ကမ်းလှမ်းမှုရရှိပါက ရောင်းချသွားဖို့လည်း အသင့်ပြင်ဆင်ထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က