အသက် ၂၁နှစ်အရွယ် ကစားသမားကတော့ သူ့အတွက် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းမှာသာ ကစားချင်တယ်လို့ ဖွင့်ဟထားပြီး ရီးရဲလ်မှာ ပုံမှန်နေရာမရရှိပါက ထွက်ခွာမယ့်သူလည်းဖြစ်ပါတယ်။
ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူဟာကီမီကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကို ပါဝင်လာပြီဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင်နောက်ခံလူဟာ ဒေါ့မွန်မှာ ၂နှစ်အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပြီး လာမယ့်ရာသီမှာ ဘာနေဗျူးကလပ်ကို ပြန်သွားရတော့မှာဖြစ်ပါတယ်။
ဒေါ့မွန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဟာကီမီကို ချယ််လ်ဆီးနဲ့ ဂျူဗင်တပ်စ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၁နှစ်အရွယ် ကစားသမားကတော့ သူ့အတွက် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းမှာသာ ကစားချင်တယ်လို့ ဖွင့်ဟထားပြီး ရီးရဲလ်မှာ ပုံမှန်နေရာမရရှိပါက ထွက်ခွာမယ့်သူလည်းဖြစ်ပါတယ်။
ရီးရဲလ်လူငယ်အသင်းက ထွက်ပေါ်ခဲ့တဲ့ ဟာကီမီဟာ လူကြီးအသင်းမှာ ကာဗာဂျယ်က ပုံမှန်နေရာရရှိနေတာကြောင့် ဒေါ့မွန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပြီး ၇ ဂိုးသွင်းယူကာ ၁ဝကြိမ်ဖန်တီးမှုပြုလုပ်ထားခဲ့ပြီး ခြေစွမ်းပြနေခဲ့ပါတယ်။
ဟာကီမီက ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူလည်းဖြစ်ပါတယ်။ လမ်းပတ်က ဟာကီမီကို အက်ဇ်ပီလီကွီတာရဲ့နေရာမှာ အစားထိုးဖို့ ရည်မှန်းထားတယ်လို့ သိရပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီကပါ ဝင်ရောက်လာခဲ့ပြီဖြစ်လို့ ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ဂျူဗီ နဲ့ ချယ်လ်ဆီးတို့ အပြိုင်အဆိုင်ဖြစ်နေကြပြီလည်း ဖြစ်ပါတယ်။