လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပြီး ၎င်းကို ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အသင်းတွေအတွက် ရှင်းလင်းတဲ့သတင်းစကားကို ပေးပို့ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့် မာနေးဟာ ယခုရာသီမှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းအပြသနိုင်ဆုံးကစားသမားဖြစ်နေပြီး မကြာသေးမီက ပိတ်သွားခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးရဲမက်ဒရစ်နဲ့သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ မာနေးရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ သိရပေမယ့် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာဒီယိုမာနေးဟာ အန်းဖီးမှာပဲ အခြေကျနေပုံရပါတယ်။
“ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော် အသင်းရဲ့တစ်စိတ်တပိုင်းဖြစ်ခွင့်ရတာကို တကယ်ကို ပျော်ရွှင်နေပါတယ်။ မိသားစုကလည်း ဒီမှာပါ”
“ဒီမှာ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိသတ်တွေကိုလည်း ရထားတယ်။ အဲဒီတော့ အားပေးထောက်ခံမှုတွေအတွက် ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမှာပါ”
“အဲဒီအားပေးမှုတွေက ကျွန်တော့်တစ်ယောက်တည်းအတွက် အရမ်းကောင်းမွန်နေတာမဟုတ်ပါဘူး။ တစ်သင်းလုံး စွမ်းဆောင်ရည်ကောင်းပြသဖို့ စိတ်ဓာတ်ခွန်အားပေးနိုင်ပါတယ်”
“အဲဒါက ကျွန်တော်တို့ကို ပိုကောင်းလာဖို့ ဆာလောင်နေစေပါတယ်။ ကျွန်တော် ဒီမှာရှိနေရတာကို ပျော်ရွှင်နေတယ်ဆိုတာကို ဖော်ပြဖို့အတွက် တကယ်ကို ရုန်းကန်နေရပါတယ်”လို့ Complex ကို ပြောကြားခဲ့ပါတယ်။
ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ယခုရာသီမှာ လီဗာပူးအသင်းက ၎င်းတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။