အနည်းငယ် ပြန်လည် သက်သာလာပါပြီတဲ့။

အဆုတ်ရောဂါကြောင့် ရုတ်တရက် ဆေးရုံတင်ခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးမေတ္တာက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ ပြီလို့ ဟာသလူရွှင်တော် ကိုကောင်းကျော်က ပြောပါတယ်။ စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။

ဟာသလူရွှင်တော် သရုပ်ဆောင် ဦးမေတ္တာဟာ အဆုတ်ရောဂါကြောင့် ရုတ်တရက် ဆေးရုံတင်ခဲ့ရပေမယ့် ပြန်လည် သက်သာ လာပြီလို့ ဟာသလူရွှင်တော် သရုပ်ဆောင် ဦးကောင်းကျော်က ပြောပါတယ်။ ဦးမေတ္တာက ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခွဲက အာရှတော်ဝင်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။



'' အာရှတော်ဝင် ဆေးရုံကြီးတွင် အရေးပေါ်တက်ရောက်ကုသနေရသော ရုပ်ရှင်နှင့်ဗွီဒီယိုဟာသ သရုပ်ဆောင် ကိုမေတ္တာ ပရိသတ်ရဲ့မေတ္တာပို့သမှုများကြောင့် အနည်းငယ်ပြန်လည်သက်သာလာပါပြီ။ အဆုတ်ထဲသို့ ရေနှင့်သွေး ဝင်ရောက်ခြင်း ဆီးချိုနှင့် သွေးတိုးပါရောနှောစုပြုံ၍ဖြစ်ခြင်းကြောင့် အသက်ရှုကျပ်လာခြင်းကြောင့် ရုတ်တရက် အရေးပေါ် ဆေးရုံတင် လိုက်ခြင်းဖြစ်ကြောင်း'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၀ နာရီ ခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ ပါတယ်။

 

ဦးမေတ္တာရဲ့ ကျန်းမာရေး အခြေအနေကြောင့် စိုးရိမ်ခဲ့ကြတဲ့ ပရိသတ်တွေရှိသလို ကျန်းမာရေးအမြန်ပြန်ကောင်းလာဖို့ ဆုတောင်း ပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

''ယခု အနည်းငယ်ပြန်လည်၍ သက်သာလာပြီး ဖြစ်ကြောင်း ကိုမေတ္တာ ကိုချစ်ခင်အားပေးကြသော ပရိတ်သတ်များအား ပြန်လည်မျှဝေပါသည်။ ဆုတောင်းမေတ္တာပို့သပေးကြသော စိတ်ပူ၍သတင်းမေးကြသော ပရိတ်သတ်များ အားအထူး ကျေးဇူးတင်ရှိပါသည်'' လို့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

 

ဦးမေတ္တာဟာ လက်ရှိမှာ အငြိမ့်၊ ပြဇာတ်တွေ နဲ့ အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့နေသူတစ်ယောက်ပါ။ အနုပညာ နဲ့ ပတ်သက်ပြီး လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးတွေ နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။

 

ဦးမေတ္တာရဲ့ ကျန်းမာရေးအခြေအနေကို ပြန်လည်မျှဝေလာတဲ့ လူရွှင်တော် ကောင်းကျော်က လက်ရှိမှာ လူရွှင်တော်အသင်း(ရန်ကုန်)ရဲ့ ပြန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။ သူကလည်း လက်ရှိမှာ အင်ပါယာ လို့ အမည်ပေးထားတဲ့ အငြိမ့်အဖွဲ့ နဲ့ ဖျော်ဖြေရေးတွေ လုပ်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က