ယူရို ၂၀၂၀ ခြေစစ်ပွဲကာလအတွင်းထုတ်ဖော်ပြောလာတာပါ။

ဘေးလ်ကို နည်းပြဇီဒန်းက ပုံမှန်ပွဲထွင့်မပေးပဲ လွတ်လပ်စွာ အသင်းပြောင်းခွင့်ပေးထားပေမယ့် အသင်းမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဝေးလ်အသင်းနဲ့အတူ ၂၀၂၀ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲပါဝင်ကစားနေတဲ့ ဂါရတ်ဘေးလ်က ကလပ်အသင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ်မှာ ဒေါသတွေနဲ့ နေထိုင်နေရတယ်လို့ ဖြေကြားခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



နည်းပြဇီဒန်းက အနာဂတ်မှာ မပါဝင်တော့တဲ့ ဂါရတ်ဘေးလ်ကို ဒီအပြောင်းအရွှေ့ ရာသီအတွင်းမှာ လွတ်လပ်စွာ အသင်းပြောင်းခွင့်ပေးထားပေမယ့် ရီးရဲမှာသာ ဆက်ရှိနေသေးတာပါ။

ဆလိုဗက်ကီးယားအသင်းနဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာတော့ - “ စိတ်ခံစားမှု အများကြီးနဲ့ ကစားနေတဲ့အခါ ဒေါသက အလိုလို ပါလာတာပေါ့။ ဒါပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော် ရှင်းအောင် မလုပ်နိုင်သေးပါဘူး။ ကျွန်တော်ကတော့ ပရော်ဖက်ရှင်နယ် ပီသစွာပဲ ကလပ်နဲ့ နိုင်ငံမှာ ရှိနေချိန် အကောင်းဆုံးတော့ ဆက်လက်လုပ်ဆောင်နေမှာပါ။” လို့ ဘေးလ်က ပြောခဲ့ပါတယ်။



ဘေးလ်ရဲ့ ပြောကြားချက်အပေါ် ဝေးလ်အသင်း နည်းပြ ဂစ်ကလည်း - “ ကျွန်တော့်အနေနဲ့ အပြင်ဖက်က ဒီအကြောင်းအရာကို ကြည့်လိုက်မယ်ဆိုရင် အားလုံးသိတဲ့အတိုင်း ကစားသမားတိုင်းက ကစားချင်ပါတယ်။ တစ်မိနစ်ရရ ကစားချင်ကြတာချည်းပါပဲ။ ကျွန်တော် သူ့ကိုတော့ အမြဲတမ်း ပြောဖြစ်တာက မင်းရောက်နေတာ တမူထူးခြားတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ဒါကြောင့် အနည်းငယ်တော့ စိတ်ဖိစီးမှုများမယ်။” လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။

ဘေးလ်အနေနဲ့ အရည်အသွေးမြင့်ကစားသမားတစ်ဦးဖြစ်သော်လည်း နည်းပြဇီဒန်းက ကစားကွက်နဲ့အံမဝင်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုံမှန်ပွဲထွက်ခွင့် လူစာရင်းကနေ ချန်လှပ်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က