သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားအကြောင်းပြောလာပါတယ်။

လွင်မိုးကတော့ ‘’သူစိမ်းအိမ်’’ ရုပ်ရှင်ဇာတ်ကားထဲက သူ့ရဲ့ ကာရိုက်တာကို ပရိသတ်တွေ မကြောက်မှာ စိုးရိမ်နေပါတယ်တဲ့။ ဇာတ်ဝင်ခန်းထဲက ဓာတ်ပုံတွေကိုလည်း Troll ထားတာတွေ တွေ့တယ်လို့ ဆိုပါတယ်။

Photo: သူစိမ်းအိမ်



ဟာသဇာတ်ကားတွေမှာ အမြဲသရုပ်ဆောင်ခဲ့တဲ့ လွင်မိုးဟာ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကတော့ သူ့အတွက် ထူးခြားတဲ့ ဇာတ်တစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်ကို ရယ်စရာတွေလည်း လုပ်ပြခဲ့ဖူးသလို ကြောက်စရာကောင်းအောင်လည်း ဆွဲဆောင်နိုင်ပ့ါမလားလို့ စိုးရိမ်တဲ့အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။

‘’လွင်မိုးဆိုတဲ့ ပေါတောတောတစ်ယောက်က ဒီလို သရဲကားရိုက်တာ ခင်ဗျားတို့ ပိုပြီး အံ့သြသင့်တယ်။ ကျွန်တော်စိတ်ပူတာက ကျွန်တော်ဟာ လူတွေ အကုန်လုံးသိထားတာက ဟာသတွေနဲ့ နာမည်ကြီးတဲ့လူတစ်ယောက်။ ဒါပေမယ့် အဲဒီဇာတ်ကားထဲမှာ လူသတ်တဲ့ဟာကို ကြောက်မှ ကြောက်ပါ့မလားလို့လည်း ကိုယ့်ကိုယ်ကိုယ် လန့်တယ်။ ကိုယ့်ရုပ်က ကြောက်စရာကောင်းရဲ့လားလို့လည်း မှန်ထဲမှာ သွားသွားကြည့်ရသေးတယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။

Photo: သူစိမ်းအိမ်

‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဟာသပုံလေးတွေ လုပ်နေတာကိုလည်း လွင်မိုးက တွေ့တယ်လို့ ပြောပါတယ်။

‘’တွေ့လိုက်တယ်။ ဆေးလိပ်ထဲမှာ အမှုန့်တွေကို ထုတ်လိုက်သွင်းလိုက်နဲ့ သားတို့က ဘာလုပ်နေကြတာလဲ ဆိုပြီးတော့ ရေးထားတာပေါ့။ ကျွန်တော်ပြောချင်တာက လူတွေမှာလည်း Creation တွေ ဖြစ်လာတာဗျ။ Facebook ကို မကောင်းဘူးချည်းပဲ ပြောနေတာတွေထက် ဒါတွေဟာ သူတို့ရဲ့ ဟာသဉာဏ်လေးတွေ ဖြစ်လာတာတွေကို ကောင်းတဲ့နေရာကနေ စဉ်းစားရင် ကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: သူစိမ်းအိမ်

အဲဒီနောက် ‘’သူစိမ်းအိမ်’’ ကို လာကြည့်မယ့် ပရိသတ်တွေ အတွက်ကိုလည်း ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့လည်း လွင်မိုးက ပြောပြခဲ့ပါသေးတယ်။

‘’ ဇာတ်သိမ်းဆိုတာက လူတွေအကုန်လုံးကို ရှင်းပြပြီးတော့ သိမ်းလို့တော့ မကောင်းဘူးပေါ့။ ဒီဇာတ်သိမ်းလေးကိုတော့ ရုပ်ရှင်ရုံကနေ အိမ်ပြန်ရင် သမီးဘာသာ သမီး စဉ်းစားပြီးတော့ သွားရမယ့် ဇာတ်သိမ်းလေးကို လုပ်ပေးလိုက်တာပါ။ သူစိမ်းအိမ် ဇာတ်ကားဟာ တကယ်ကို ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေက မဖြစ်မနေ အားပေးကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ လို့ ဇူလိုင်လ ၂၄ ရက်နေ့ညက သူစိမ်းအိမ် ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁ ရက်နေ့ ဆိုရင် ရုံတင်ပြသပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် လွင်မိုး၊ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင်ထူး၊ ထွန်းအိန္ဒြာဗို၊ ဖွေးဖွေး၊ လင်းဇာနည်ဇော်၊ မြတ်နိုးအေး နဲ့ တခြားသရုပ်ဆောင် များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ လွင်မိုးကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးကိုပဲ အဓိက ဦးစားပေးဆောင်ရွက်နေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က