အခုတော့ ပြန်တွေ့သွားပါပြီတဲ့။

ခေးဆက်သွင်က ထီ ၅ သောင်းဆုပေါက်ပေမယ့် ထီလက်မှတ်ပျောက်တဲ့အဖြစ် ကြုံခဲ့တယ်လို့ သိရပါတယ်။ သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။

Photo: ခေးဆက်သွင်



ဇာတ်လမ်းတွဲ မင်းသမီးချောလေး ခေးဆက်သွင်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တော့ ကံကောင်းထောက်မစွာနဲ့ပဲ ထီလက်မှတ်လေးက ပြန်တွေ့ခဲ့တယ်လို့ ဝမ်းသာအားရနဲ့ ပြောပြထားတာ တွေ့ရပါတယ်။

‘’ထီ ငါးသောင်းဆုပေါက်တာ ထီလက်မှတ်ဘယ်တုန်းက  လွှင့်ပစ်လိုက်လဲ မသိဘူး။ ပျောက်နေလေရဲ့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ထီလက်မှတ်ပျောက်သွား တဲ့ ခေးဆက်သွင်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်တဲ့အကြောင်းကို Comment ကနေတဆင့် ရေးသားထားကြပါတယ်။ အဲဒီနောက်မှာတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၂ မိနစ်မှာပဲ ထီလက်မှတ် ပြန်တွေ့ပြီလို့ Comment ကနေတဆင့် ပြန်လည်ပြောပြထားပါတယ်။

Photo: ခေးဆက်သွင်

ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။

Photo: ခေးဆက်သွင်

သရုပ်ဆောင်ခေးဆက်သွင် ဟာ ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်ပါ။ သူ့အနေနဲ့ ဇာတ်လမ်းတွဲတွေရိုက်လာရပေမယ့်လို့ ကာရိုက်တာရွေးချယ်ပိုင်ခွင့်မရှိသေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

''ခေး တို့ကရွေးချယ်ပိုင်ခွင့်မရှိဘူး ကိုယ့်ကိုရွေးချယ်တာ ကိုယ်ကဒီကာရိုက်တာနဲ့လိုက်ဖက်တယ်လို့ထင်တဲ့နေရာမှာ လေ့ကျင့်လို့ရတယ်ဆိုရင်၊ တကယ်လို့ တကယ်လိုက်ဖက်တယ် အားလုံး အစစအရာရာပြည့်စုံတယ်ဆိုတော့မှ ခေးတို့က ပါဝင်ခွင့်ရတာခေးတို့မှာက ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိသေးပါဘူး'' လို့ သူကဆိုပါတယ်။

Photo: ခေးဆက်သွင်

သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ထားကြပါတယ်။ တက်သစ်စအနုပညာရှင်တစ် ယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ် အနုပညာရှင် တစ်ယောက် ဖြစ်လို့လာပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က