ကံကောင်းခြင်းတွေရဲ့ အစပေ့ါတဲ့။

ဘေဘီမောင်က ဒီနေ့ထွက်ရှိတဲ့ (၄)ကြိမ်မြောက် အောင်ဘာလေထီထဲက ထီဆုတစ်ဆု ပေါက်လို့ ပျော်လို့နေပါတယ်။ ဇွန်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါပြီ။

 

Photo : ဘေဘီမောင်



သရုပ်ဆောင်ဘေဘီမောင်က ဇွန်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါပြီ။ ဘေဘီမောင်တစ်ယောက် ထီငါးသောင်းဆု ပေါက်လို့ ပျော်နေပါတယ်။သူတင်ပျော်တာမဟုတ်ပါဘူး။ သူမရဲ့ ပရိသတ်တွေလည်း ပျော်နေကြတာ တွေ့ရပါတယ်။ ဘယ်လောက်ပဲ ရရ ထီပေါက်တယ်ဆိုရင်ကို ပျော်နေတာလို့ သူမက ဆိုပါတယ်။

ကံကောင်းခြင်းအစပေါ့ဟီး ထီပေါက်စဉ်ဝယ်တာ ခလေးလေးရောင်းတော့ တစ်ရာတဲ့ ငါးရာတန်အကြွေရှိတော့ဝယ်လိုက်တယ်ပြန်မအမ်းနဲ့ခလေးလို့ စေတနာအကျိုးပေး ငါးရားပေလို့ ၅သောင်းပေါက် ထီပေါက်တယ်ဆိုရင်ကိုပျော်တာဘယ်လောက်ပဲရရ ပျော်တယ်” ဆိုပြီး ဇွန်လ(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အားတဲ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုက်စားနေတာ တွေ့ရပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ သမီးလေးလိမ္မာလေး ဖြစ်ပြီး သူမဝါသနာပါရာ အနုပညာလုပ်ငန်းနဲ့မိဘကို လုပ်ကျွေးပြုစုနေသူလည်း ဖြစ်ပါတယ်။

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။



Photo : ဘေဘီမောင်

ရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က