မေလကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါတယ်။
ရွှေပိုးအိမ်က မေလကို ကံကောင်းခြင်းတွေနဲ့ စတင်ကြိုဆိုလိုက်ပါပြီ။ ထီပေါက်လို့လည်း ပျော်နေပါတယ်။

photo : ရွှေပိုးအိမ်



ရွှေပိုးအိမ်တစ်ယောက် ထီပေါက်လို့ ပျော်နေပါတယ်။ သူမတင်ပျော်တာမဟုတ်ပါဘူး သူမရဲ့ ပရိသတ်တွေလည်း ပျော်နေကြပါတယ်။ ရွှေပိုးအိမ်က ဒီနေ့ထွက်တဲ့ ထီမှာ ငါးသောင်းဆု ပေါက်ခဲ့တာပါ။ သူမက ငါးသောင်းဆုကို ဆ-၄၆ ဆိုတဲ့ နံပါတ်နဲ့ ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ထီပေါက်တဲ့အတွက်လည်း သူမအရမ်းပျော်သလို ရတဲ့ဆုငွေကိုလည်း ပြန်လှူသွားမယ်လို့ ဆိုပါတယ်။

"ထီပေါက်တဲ့ ခံစားချက်ဆိုရင်တော့ ပျော်တယ်။ ပေါက်တဲ့ ပိုက်ဆံလေးကိုလည်း ပြန်လှူသွားမယ်။ ထီပေါက်တဲ့ ပိုက်ဆံကို သစ်တံခါးဆရာတော် ကျောင်းမှာ လှူမှာပါ။ အခုလည်း သစ်တံခါးကျောင်းမှာ အဓိဌာန်သုံးရက်ဝင်နေတာ နောက်ဆုံးနေ့မှာ ထီပေါက်တာဆိုတော့ ပျော်ပါတယ်" လို့ Duwun Media က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြေဆိုပေးခဲ့တာပါ။

သူမအနေနဲ့လည်း နောက်ထပ် ထီတွေ ဆက်ထိုးသွားဖို့ရှိသလို ထီပေါက်ခဲ့ရင်လည်း အလှူအတန်းတွေ ဆက်လုပ်သွားမှာပါလို့ ဆိုပါတယ်။

photo : ရွှေပိုးအိမ်

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာကနေ အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီး ကြုံခဲ့ရတဲ့သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က