နန်းသူဇာဟာ နှစ်သစ်ကို ကံကောင်းခြင်းတွေ နဲ့ စတင်ခဲ့သူလေးဖြစ်ပါတယ်. ဒုတိယအကြိမ်မြောက် ထီ ၅ သောင်းဆု ထပ်ပေါက်ပါပြီတဲ့နော်.
Photo: Nan Thu Zar
နန်းသူဇာ တစ်ယောက် ၂၀၁၉ နှစ်သစ်ကို ကံကောင်းမှုတွေနဲ့ စတင်ခဲ့သူလေးဖြစ်ပါတယ်. သူမကတော့ အောင်ဘာလေ ထီ ၅ သောင်းဆု ပေါက်ခဲ့တယ်လို့ ဆိုပါတယ်. ဒီ့အတွက် ခံစားချက်ကိုလည်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်.
'' နန်းသူဇာကတော့ ၂၀၁၉ မှာ အောင်ဘာလေ ၅ သောင်းဆုလေး ပေါက်လိုက်ပါတယ်. ဒီနှစ်အတွင်းမှာ သိန်းတစ်သောင်းဆုကြီး ပေါက်ချင်ပါတယ်. ဝိုင်းပြီး ဆုတောင်းပေးကြပါ. ဒီဇင်ဘာလတုန်းက ထိုးထားတာပါ.နန်းသူဇာ ထိုးနေကြ ဆိုင်လေးမှာပဲ ၅ သောင်းဆု ပေါက်တာပါ. မာမားက တစ်ခေါက် ပေါက်ပြီးပြီ မုန့်ဖိုးပေးတော့ သမီးလည်း သွားထိုးကြည့်လိုက်တော့ ပေါက်သွားတယ်. ရတဲ့ ပိုက်ဆံကိုလည်း မာမားကိုပဲ ပြန်ပေးလိုက်ပါတယ်'' လို့ ဇန်နဝါရီလ ၄ ရက်နေ့ က Balance Fitness ပွဲမှာ ဖြေဆိုခဲ့တာပါ.
Photo: nan Thu Zar
နန်းသူဇာဟာ သြဂုတ်လ ၁ ရက်နေ့ တုန်းက ထွက်ခဲ့တဲ့ ထီတုန်းကလည်း ကျပ် ၅ သောင်းဆု ပေါက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်. သူမ ထီပေါက်တဲ့ သတင်း ကြောင့်လည်း ပရိသတ်တွေနဲ့ အနုပညာသူငယ်ချင်းတွေကပါ ဝမ်းသာပီတိဖြစ်ခဲ့ရပါသေးတယ်.
Photo: Nan Thu Zar
နန်းသူဇာကတော့ လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကို ကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။
Photo: Nan Thu Zar
နန်းသူဇာဟာ လူငယ်အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။