ပုဂံမှာ ထိုးခဲ့တဲ့ ထီလက်မှတ်က ပေါက်တာတဲ့။

တစ်ရာမှာ တစ်ယောက် ဖြစ်ခဲတဲ့ ကိစ္စတစ်ခုကို ဆောင်းယွန်းစံက ဖြစ်သွားခဲ့တာပါ။ ပုဂံမှာ ထိုးခဲ့တဲ့ ထီက ပေါက်ခဲ့ပေမယ့် လက်မှတ်ပျောက်ခဲ့တဲ့အဖြစ်မျိုး ဖြစ်ခဲ့တာပါ။

Photo : ဆောင်းယွန်းစံ



ရွှေကြိုကနေ ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိခဲ့တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ထီပေါက်ပြီး ထီလက်မှတ်ပျောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံမှာ ထိုးခဲ့တဲ့ ထီလက်မှတ်က ငါးသောင်းဆု ပေါက်ကြောင်း ထီသည် ဖုန်းဆက်ခဲ့ပေမယ့် သူမမှာတော့ ထီလက်မှတ် မရှိတော့ဘူးလို့ ဆိုပါတယ်။

“မနက်က ထီဆိုင်က ဖုန်းဆက်တယ်။ပုဂံမှာထိုးခဲ့တဲ့ထီလတ်မှတ်က ငါးသောင်းဆုပေါက်တယ်တဲ့။ ဒါပေမယ့် အဲဒီထီလတ်မှတ်တွေက ဘယ်မှာ ကျန်နေခဲ့မှန်းတောင်မသိဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင်တစ်ခုရှိတယ်။ ထီထိုးပြီးတိုင်း ထီလတ်မှတ်ကို ဘယ်မှာ ထားမိမှန်းမသိတာ.. တစ်ခါမှလည်း မတိုက်ဘူးဘူး။ထီပေါက်ပြီး ထီလတ်မှတ်ပျောက်တာ ငါလေ” ဆိုပြီး သြဂုတ်လ(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဆောင်းယွန်းစံ

ငါးသောင်းဆုဆိုပေမယ့်လည်း သူမကတော့ နှမြောလို့နေပါတယ်။ ဆောင်းယွန်းစံရဲ့ ပရိသတ်တွေကလည်း သူမအတွက် စိတ်မကောင်းဖြစ်လို့နေပြီး နောက်တစ်ခါဆို သေချာ သိမ်းထားဖို့ သတိပေးထားကြပါသေးတယ်။ ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။

Photo : ဆောင်းယွန်းစံ

ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က