ကိုယ်ဝန်က(၇)လရှိနေပါပြီ။

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ယောက္ခတွေနဲ့အတူနေတာဖြစ်ပြီး ထမင်းစားဖို့သွားခေါ်ရာက သူနေတဲ့အခန်းရဲ့ တုပ်တန်းမှာ အဝတ်နဲ့ချီပြီးသေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။

photo- သီပေါလူငယ်ကူညီရေးအသင်း

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ စက်တင်ဘာလ(၄)ရက်နေ့ညပိုင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ကြိုးဆွဲချသေဆုံးရာ ကလေးရော မိခင်ပါသေဆုံးခဲ့တယ်တယ်လို့ သိရပါတယ်။ ကြိုးဆွဲချသေဆုံးတဲ့ အမျိုးသမီးဟာ အသက်(၂၇) နှစ်အရွယ်ဖြစ်ပြီး ကိုယ်ဝန်လ(၇)လရှိပြီလို့ သီပေါလူငယ်ကူညီရေးအသင်းမှသိရပါတယ်။

“ ကျွန်တော်တို့ကို မနေ့ကည(၈)နာရီလောက်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးနေတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားလို့ သွားရောက်ကူညီခဲ့တာ။ ဟိုရောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်နေတယ်။ ကိုယ်ဝန်က အရင့်အမာကြီး (၇)လဖြစ်နေပြီ။ သူ့အခန်းထဲမှာ သေဆုံးနေတာ။ သူ့အမျိုးသားက မန္တလေးမှာ အလုပ်လုပ်နေတာလို့ပြောတယ်။ အမျိုးသမီးက ယောက္ခမနှစ်ဦးနဲ့အတူတူနေတာ။ သူ့ယောက္ခမတွေပြောပုံအရဆို ဘာပြဿနာမှမရှိဘူး၊ သူ့ဘာသာအခန်းထဲမှာ ဖုန်းဆော့နေတယ်လို့ပြောတယ်။ ထမင်းစားဖို့သွားခေါ်တော့မှာ အခုလိုသေဆုံးနေတာလို့ “ သီပေါလူငယ်ကူညီရေးအသင်း ဥက္ကဌ ကိုတူးလီက Duwun ကိုပြောပါတယ်။

photo- သီပေါလူငယ်ကူညီရေးအသင်း

ကြိုးဆွဲချသေဆုံးခဲ့တဲ့အမျိုးသမီးဟာ သူ့အခန်းရဲ့ တုပ်တန်းမှာ အဝတ်နဲ့ချီပြီး ကြိုးဆွဲချသေဆုံးခဲ့တာပါ။ ကလေးပါသေဆုံးခဲ့တာဖြစ်ပြီး ညတွင်းချင်းပဲ မိခင်ရဲ့ရုပ်အလောင်းကို သီပေါဆေးရုံကိုပို့ဆောင်ကာ ဆေးစစ်ချက်တွေဆောင်ရွက်ထားပေမယ့် အဖြေမသိရသေးဘူးလို့ ကိုတူးလီကပြောပါတယ်။ 

Share

Loading Next Article...
က္က