စပိန်မီဒီယာကို ‌ပြောခဲ့တာပါ။

ရီးရဲက အသင်းကြီးတစ်သင်းဆိုပေမယ့် မန်စီးတီးမှာ ပျော်နေပါတယ်လို့ စတားလင်းက စပိန်မီဒီယာ ASကို ဖြေ သွားတာပါ။

Image result for Raheem Sterling

ဥရောပပွဲ ၂ နှစ်ပိတ်ခံရတာကြောင့် ရီးရဲအသင်းကို ပြောင်းမယ်လို့ သတင်းတွေထွက်ပေါ်နေမှအပေါ် စတားလင်း ကတော့ သူကိုယ်တိုင် ရှင်းလင်းပြောလိုက်ပြီ ဖြစ်ပါတယ်။

စတားလင်းကို မန်စီးတီးအသင်း ၂ နှစ်ဥရောပဝင်ခွင့် ပိတ်ခံရချိန်မှာ ရီးရဲကိုပြောင်းဖို့ ချိတ်ဆက်နေပြီလို့သတင်း တွေထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး စတားလင်းကတော့ ရီးရဲအသင်းက အံ့အားသင့်ဖွယ် အသင်းကောင်းတစ်သင်း ဆိုပေမယ့် မန်စီးတီးမှာ ပျော်တယ်လို့ ပြောလာတာ ဖြစ်တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာ ပါတယ်။

“အခုချိန်မှာ ကျွန်တော်က စီးတီးမှာပါ၊လက်ရှိမှာလည်း ပျော်ပါတယ်။အသင်းနဲ့ စာချုပ်လည်းရှိတော့ လေးစားရပါ မယ်၊ဂျာစီအဖြူရောင်ဝတ်တဲ့အချိန်မှာတော့ အဲ့ဒီအချိန်ကျရင် ဘာကို ကိုယ်စားပြုမလဲ သိနိုင်မှာပါ၊အခုတော့ ကျွန်တော်က မန်စီးတီးကစားသမားပါပဲ။”လို့ စတားလင်းက စပိန်မီဒီယာAS ကို ပြောသွားတာပါ။

Image result for Raheem Sterling

စီးတီးက လာမယ့် ကြားရက်ထဲမှာရီးရဲအသင်းနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ကစားရဖို့ ရှိနေပြီး အယူခံသာ မအောင်ခဲ့ရင် ဒီနှစ်က ချန်ပီယံလိဂ်ကို နောက်ဆုံး ကစားတဲ့နှစ်ဖြစ်လာမှာပါ။

နောက်နှစ်မှာ ဥရောပပွဲကစားချင်ရင်တော့ စတာလင်းအနေနဲ့ အသင်းပြောင်းဖို့ လိုနေပြီး ရီးရဲကိုရောက်မယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။

မန်စီးတီးကတောာ့ ဒီနှစ်မှာ ပရီးမီးယားလိဂ် အဆင့်၂ မှာ ရပ်တည်နေပြီး ရီးရဲနဲ့ ချန်ပီယံလိဂ် မကစားခင် လက်စ တာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိနေပါတယ်။

မန်စီးတီးက လက်ရှိ ၅၄မှတ် ရရှိထားကာ လက်စတာက ၅၀ မှတ်ရရှိထားတာကြောင့် ဒီပွဲမှာ မန်စီးတီးက နိင်နိုင်ရှုံးရှုံး အဆင့် ၂ နေရာကိုတော့ ဖယ်ပေးစရာမလိုပါဘူး။

Share

က္က