ဘာသာရေး လိုက်စားလွန်းသူပါ။

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် အရမ်းကို လိုက်စားလွန်းတာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။

Photo : ဖြိုးမြတ်အောင် FB

ဒီနေ့(ဇန်နဝါရီ၂ရက်)မှာလည်း ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု ၊မီးလောင်ကျေးရွာ၊ ရတနာ ရွှေကြယ်ဦး ဆံတောင်ရှင် ထီးတောင် တင်လှူပွဲမှာလည်း ပါဝင်ကုသိုလ်ယူနေတာ တွေ့ရပါတယ်။

Photo : ဖြိုးမြတ်အောင် FB

ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဂီတလှုပ်ရှားမှုများအပြင် ဘုရားတရားပိုင်းကိုလည်း အရမ်းလုပ်ကိုင်သူ တစ်ဦးဖြစ်ပါတယ်။

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်း ကြောင်း မှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။



Photo : ဖြိုးမြတ်အောင် FB

လက်ရှိမှာ ပွဲတွေ တော်တော်များများတက်ဖြစ်နေပြီး သူ့ရဲ့ တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခွေအတွက် ပြင်ဆင်နေရင်း ကြော်ငြာတွေရိုက်ကူးဖြစ်နေတဲ့ သူ့ကို ပရိသတ်တွေက သရုပ် ဆောင် တစ်ယောက်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။ ဖြိုးမြတ်အောင် အနေနဲ့ကလည်း သူကျွမ်းကျင်တဲ့ သီချင်းပိုင်းကို ပိုပြီး အားစိုက် လုပ်ချင်ကြောင်း ယခုလို ပြောပြခဲ့ပါတယ်။

"သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူ။ ကြော်ငြာလေးတွေကတော့ ကျွန်တော့်မိသားစုနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်နေ တာပါ။ ရုပ်ရှင်သရုပ်ဆောင် လုပ်ဖို့ကတော့ ကျွန်တော့် အနေအထားနဲ့ ဖြစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်က သီချင်းဆိုတဲ့ သူတစ် ယောက်ဆိုတော့ သီချင်းပဲ ဆိုမှာပါ။ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင် မလုပ်ပါဘူး။ကိုယ်ဆိုတဲ့ အပိုင်းကိုမှ ကိုယ်မရောက်သေးဘူးလေ။ ကြိုးစားရဦးမယ်။ သရုပ်ဆောင်ဘက်ကူးပြီးဆိုရင် ကျွန်တော့်မှာ ဟိုမရောက်ဒီမရောက်နဲ့ အလယ်မှာ မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေ မှာပေ့ါ" လို့ နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စိန်နန်းတော် ကမ်းစမ်းမဲနှိုက်ပွဲမှာ ဖြိုးမြတ်အောင်က မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။

Photo : ဖြိုးမြတ်အောင် FB

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က