ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

အဆိုတော်ရွှေထူးက ၂၀၁၈ ခုနှစ်အတွင်း တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ရရှိပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း တေးသီချင်း တောင်းဆိုခံရမှုအများဆုံး အမျိုးသားတေးသံရှင်ဆုကို အဆိုတော် ရွှေထူးက ဆွတ်ခူးသွားပါတယ်။



'' အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော် အိမ်ထောင်ကျသွားလည်း ကျွန်တော့်ကို ချစ်ပေးနေကြတယ်။ ကျွန်တော့် သီချင်းတွေကို နားထောင်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ တတိယအခွေကို လည်း ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်'' လို့ ရင်ထဲကစကားကို ပြောခဲ့ပါတယ်။

ရွှေထူးဟာ ''စိတ်ကူးယဉ် စာအုပ်'' ၊ '' I '' စတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိထားပြီးတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက် အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးလိုက်တဲ့ သီချင်းတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး  ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆုရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က