ဒါက ၅ ဆုမြောက်ပါတဲ့။

နီနီခင်ဇော်ဟာ City FM က ချီးမြှှှှင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း သီချင်းတောင်းဆိုခံရမှုအများဆုံး တေးသံရှင် အမျိုးသမီးဆုကို ရရှိပိုင်ဆိုင်ခဲ့ပါပြီ။

 

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ၂၀၁၈ ခုနှစ်အတွင်း တေးသီချင်းတောင်းဆိုခံရမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆုကို အဆိုတော်နီနီခင်ဇော်က ဆွတ်ခူးသွားနိုင်ပြီဖြစ်ပါတယ်။



'' နီနီ ဒီဆုလေးကို ရခဲ့တဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ ပြီးတော့ နီနီ့ရဲ့ U Album လေးကို အားပေးကြတဲ့ ပရိသတ်တွေ၊ နီနီ ဟိုးအရင် သီချင်းဆိုပြိုင်ပွဲမှာကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒီ တစ်ခါ City FM Award ဆုလေးကတော့ ၅ ဆုမြောက်ဖြစ်ပါတယ်'' လို့ နီနီခင်ဇော်က ပြောပြခဲ့ပါတယ်။

 

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလို သူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျှက်ရှိပါတယ်။

 

City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီး ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ကစပြီး  ရန်ကုန် မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမ မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း အများကြီးပါ။ ဘယ်အဆိုတော်က ဘာဆုရမလဲဆိုတာကိုလည်း စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေကြတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က