၆ ရက်တာ ကျင်းပသွားမှာပါ

ကမ္ဘာတစ်ခွင်က နည်းပညာပွဲတွေထဲမှာ CES ၊ MWC စတဲ့ ပွဲတွေလို ထင်ရှားတဲ့ နည်းပညာပွဲတစ်ပွဲက နှစ်စဉ် ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ IFA ပွဲပါပဲ။

Internationale Funkausstellung Berlin (IFA) ကို အစောပိုင်းနှစ်များက ဘာလင်ရေဒီယိုပြပွဲလို့အလွယ်ခေါ်ခဲ့ကြပြီး ဂျာမဏီနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး စက်မှုနည်းပညာ ပြပွဲတစ်ခု အဖြစ် ၁၉၂၄ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ တက်ရောက်သူ ၂၄၅၀၀၀ ကျော်နဲ့ထုတ်ကုန်မိတ်ဆက်သူပေါင်း ၁၆၄၅ ဦး ရှိခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး နည်းပညာပြပွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

IFA 2018 ပွဲကိုတော့ လာမယ့် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ ၆ ရက်တိုင် ကျင်းပသွားဖို့စီစဉ်ထားပါတယ် ဒီလိုအစဉ်အလာကြီးတဲ့ ပွဲကြီးမှာ ဘယ်လို ထုတ်ကုန်နဲ့နည်းပညာသစ်တွေ မိတ်ဆက်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

(၁) စမတ်ဖုန်း

Sony-Xperia-XZ3.jpg

Photo: South China Morning Post

 

IFA ဟာ MWC လိုမျိုး ဖုန်းသီးသန့်မိတ်ဆက်ပြသတဲ့ ပွဲမဟုတ်ပါဘူး။ သို့သော်လည်း ကမ္ဘာ့အကြီးဆုံး အိုင်တီရှိုးတွေထဲက တစ်ခု ဖြစ်လို့စမတ်ဖုန်းလို လူသုံး အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း အမြဲထည့်သွင်း မိတ်ဆက်လေ့ရှိပါတယ်။

ဒီနှစ် IFA မှာတော့ Sony ရဲ့ ကမ္ဘာ့အကြီးဆုံး 48MP ကင်မရာပါ Xperia XZ3 ၊ Kirin 980 processor သစ်နဲ့Huawei ပရီမီယံမော်ဒယ် Mate 20 စီးရီး ၊ ကင်မရာ ၅ လုံးပါမယ်လို့သတင်းထွက်ထားတဲ့ LG V40 ThinQ အပြင် BlackBerry KEY2 LE မော်ဒယ်သစ်များကို မြင်ရဖို့ရှိပါတယ်။

 

(၂) စမတ်လက်ပတ်နာရီများ

smartwatch-hc-2-27-2017.jpg

Photo: LG Electronics

 

စမတ်နာရီထဲက နာမည်ကြီး brand တွေက တလောကပဲ ထွက်ထားလို့ဒီပွဲမှာ စမတ်နာရီကဏ္ဍက ခပ်အေးအေးလောက်ပဲ ရှိမှာပါ။ ပြီးခဲ့တဲ့ နှစ်က နာရီစထုတ်လာတဲ့ Fitbit ရဲ့ ဒုတိယမြောက် စမတ်နာရီသစ်ဖြစ်တဲ့ Charge 3 ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ မိတ်ဆက်ထားသလို Samsung ကလည်း ဒီလထဲမှာ Galaxy Watch နာရီသစ် ကြေငြာပြီးသားပါ။ IFA 2018 ပွဲမှာတော့ LG ရဲ့ ပထမဆုံး စမတ်နာရီသစ် နဲ့Huawei ရဲ့ ကြိုးမဲ့ earbuds ထည့်သွင်းနိုင်တဲ့ နာရီသစ်တွေကို မျှော်လင့်နေကြပါတယ်။

 

(၃) တီဗွီ

004-samsung-8k-tv-ces-2018.jpg

Photo: CNET

 

ဒီနှစ် CES ပွဲမှာ LG ဟာ ကမ္ဘာ့ပထမဆုံး ၈၈ လက်မ 8K display ကို မိတ်ဆက်ခဲ့ပါတယ်။ IFA 2018 မှာတော့ LG ရဲ့ ပြိုင်ဘက် Samsung ဟာ 8K OLED TV ကို ပြသသွားဖို့ရှိပါတယ်။  Samsung ဟာ ၁၄၆ လက်မ 4K MicroLED Wall TV ကို လည်း ဒီနှစ်ပွဲမှာ ထပ်ပြီး မိတ်ဆက်ဖို့ရှိနေပါတယ်။

LG ကတော့ ပိုပြီး မျက်နှာပြင် ကြီးတဲ့ ၁၇၅ လက်မ မော်ဒယ်ကို ပြသသွားမယ်လို့ယူဆရပါတယ်။ IFA 2018မှာ တီဗွီတွေနဲ့အတူ နည်းပညာမြင့် နားကြပ်များလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။

 

(၄) နည်းပညာသစ်များ

56e1d1b1dd0895ba168b459f-750.jpg

Photo: Business Insider

 

IFA ဟာ နည်းပညာပိုင်းကို ပိုပြီး ဦးစားပေးပွဲထုတ်မိတ်ဆက်တဲ့ ပွဲပါ။ ဒီနှစ်မှာ Primax ဟာ 8K VR Headset လို နည်းပညာသစ်တွေနဲ့စမတ်အိမ်သုံးထုတ်ကုန်တွေ မိတ်ဆက်သွားမှာပါ။ တကယ်တမ်း စောင့်ကြည့်ရမှာက Artificial Intelligence လို့ခေါ်တဲ့ AI နည်းပညာ ဖြစ်ပါတယ်။ LG V40 ThinQ လို vision နည်းပညာ သစ်တွေ ပါလာမှာ ဖြစ်လို့AI အကြောင်း ပိုပြီး စုံစုံလင်လင် မြင်ရ ကြားရမှာပါ။

Share

Loading Next Article...
က္က