စက်တင်ဘာ ၅ ရက်နေ့အထိ မိတ်ဆက်သွားမှာပါ

ဥရောပတစ်ခွင်ရဲ့ အကြီးဆုံး နည်းပညာပြပွဲတစ်ခုအနေနဲ့အစဉ်အလာကြီးတဲ့ IFA ပွဲကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၅ ရက်နေ့အထိ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေပါတယ်။



 

ဒီပွဲရဲ့ ထူးခြားချက်က MWC လိုမျိုး မိုဘိုင်းထုတ်ကုန်သီးသန့်မဟုတ်ဘဲ စမတ်တီဗွီ ၊ PC နဲ့အခြား နည်းပညာတွေပါ တစ်စုတစ်စည်းတည်း မြင်ရတာ ဖြစ်လို့ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ IFA 2018 မှာတော့ Gaming products သစ်များ ၊ processor ချပ်စ်များနဲ့နည်းပညာမြင့် wireless နားကြပ်များပါ မိတ်ဆက်ထားပါတယ်။

အခု ညွှန်းချင်တာကတော့ ဒီပွဲကို ဖမ်းစားခဲ့တဲ့ နည်းပညာနဲ့ထုတ်ကုန်သစ် တစ်ချို့အကြောင်းပါ။

 

(၁) Acer ရဲ့ Gaming chair

acer_predator_thronos.jpg

Photo: Expert Reviews

 

နာမည်အပြည့်အစုံကတော့ Acer Predator Thronos ဂိမ်းထိုင်ခုံပါ။ အလိုအလျောက်စနစ်တွေနဲ့ချည်း ဖွဲ့စည်းထားပြီး တကယ့် ပရိုဂိမ်မာတွေ အကြိုက်တွေ့မယ့် ဂိမ်း set ပါပဲ။

၂၇ လက်မ မော်နီတာ ၃ လုံး ဆင်နိုင်ပြီး ၁၄၀ ဒီဂရီ လှည့်နိုင်တဲ့ ခုံ ဖြစ်သလို ခုံမှာကိုက ဂိမ်းနဲ့လိုက်ဖက်တဲ့ built-in တုန်ခါစနစ်တွေ ၊ LED မီးစနစ်တွေ ပါဝင်ပါတယ်။ ဈေးနှုန်းတော့ မကြေငြာထားပါဘူး။

 

(၂) Sony နဲ့wireless နားကြပ်

sony-wh-1000x-feat.jpg

Photo: Digital Trends

 

Sony 1000XMK3 ဟာ ဆူညံသံ စစ်ထုတ်မှု အဆင့်မြှင့်တင်ထားတဲ့ နားကြပ်တစ်ခုပါ။ အရင်က နာမည်ကြီး 1000XMK2 ရဲ့ အဆက်ဖြစ်ပြီး ဖုန်းပြောတဲ့ အသံနဲ့ဆူညံမှုကို လျှော့ချတဲ့ နေရာမှာ ပိုပြီး အဆင့်မြင့်လာပါတယ်။ touch နဲ့ထိန်းချုပ်နိုင်တဲ့ စနစ် ပါလာသလို ညာဘက်ခြမ်းမှာ လက်ဖဝါးပြင်နဲ့noice-cancel စနစ်ကို ခဏ disable လုပ်နိုင်တဲ့ နည်းပညာလည်း ထည့်သွင်းထားပါတယ်။

ဒီနားကြပ်မှာ Google Assistant ခလုတ်ပါဝင်သလို ဘက်ထရီကလည်း Quick Charge ပံ့ပိုးမှု ပါဝင်လာပါတယ်။

 

(၃) Kirin 980 processorသစ်

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F838437%2F04e5420c-03b0-435d-b30d-3b40cd08e120.jpg

Photo: Mashable

 

Kirin 970 SoC ထက် ဘက်ထရီသုံးစွဲမှုပိုင်းမှာ ၄၀% ပိုသက်သာပြီး performance အနေနဲ့ ၇၀%ပိုသွက်တဲ့ Huawei ရဲ့ processor သစ်ဖြစ်ပါတယ်။ ထူးခြားတာက ဒီ processor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 7nm နည်းပညာနဲ့ထွက်လာတာပါ။ ဒီနည်းပညာကြောင့် ပိုမို ကျစ်လျစ်သေးငယ်ပြီး စွမ်းအင်စီမံမှုမှာ ထိရောက်မှု ပိုလာပါတယ်။

 

ဒီနည်းပညာကို အောက်တိုဘာလလယ်မှာ ကြေငြာသွားမယ့် Huawei Mate 20/ 20 Pro တို့မှာ စတင် အသုံးပြုသွားမှာပါ။

 

(၄) Samsung ရဲ့ ၈၅ လက်မ 8K QLED TV

 

Photo: Business Insider

တောက်ပမှု brightness level မှာ 4000 nits အထိ ရှိလာပြီး HDR10+ contents တွေ ပံ့ပိုးပေးနိုင်မယ့် TV ပါ။ အရင်က 4K TV လောက်ပဲ မြင်ရကြားခဲ့ရတာ ကနေ နည်းပညာသိပ်မြင့်သွားချိန်မှာတော့ 4K ထက် pixel ၄ ဆပို ပါဝင်တဲ့ TV သစ်ကို Samsung က မိတ်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။

AI ထိန်းချုပ်မှု စနစ်များ ပါဝင်ပြီး ရုပ်ထွက်နိမ့်တဲ့ contents တွေကိုတောင် TV ရဲ့ processor ကနေ 8K ကို သူ့အလိုလို မြှင့်ပေးသွားမှာပါ။ ကြိုးတစ်ချောင်းတည်းနဲ့အားသွင်းစနစ် ၊ ချိတ်ဆက်မှုစနစ်တွေ အစုံသုံးနိုင်မယ့် TV လည်း ဖြစ်ပါတယ်။

 

(၅) Sony Xperia XZ3

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F838440%2F0cc06efa-e4fa-41cf-b387-85a55793eb48.jpg

Photo: Mashable

 

လေးစားလောက်တဲ့ ဖုန်းတစ်ချို့ ဒီပွဲမှာ မြင်ခဲ့ရပါတယ်။ Sony Xperia XZ3 ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။ အထူးသဖြင့် Sony ရဲ့ သပ်ရပ်တောက်ပတဲ့ metal နဲ့Glass စပ် ဒီဇိုင်း ၊ Snapdragon 845 ရဲ့ အမြင့်စား လုပ်ဆောင်ချက် နဲ့လာတဲ့ ၆ လက်မ OLED panel သုံး ဒီဖုန်းဟာ Android 9.0 Pie တစ်ခါတည်း ပါဝင်လာတာက ထူးခြားပါတယ်။

ကင်မရာပိုင်းမှာ 19MP ကျောဘက် ကင်မရာတစ်လုံး တည်း သုံးလာတာက နည်းနည်း ကသိကအောက် နိုင်တယ်ဆိုပေမယ့် Sony ကင်မရာစနစ်ရဲ့ အဆင့်အတန်းကိုတော့ လျှော့တွက်လို့မရပါဘူး။ ဒီဖုန်းရဲ့ ဈေးနှုန်း မသိရသေးပေမယ့် ဒီလထဲမှာပဲ ကြေငြာသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က