Photo: Thet Mon Myint Fb
သက်မွန်မြင့်ဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေအပေါ် ချစ်ချစ်ခင်ခင် နဲ့ စတတ် နောက်တတ်သူဖြစ်ပါတယ်။ အခုလည်း ဇာတ်ပို့သရုပ်ဆောင် ဦးဟိန်းမင်းကို မစရရင် မနေနိုင်လို့ပါတဲ့။
Photo: RBV
သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်းသူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားကြီးကလည်း အကယ်ဒမီစာရင်းဝင် ၂၅ ကားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူကိုစစ်နိုင်နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။