သူ့အိမ်မှာ အလုပ်လုပ်တုန်းကလည်း အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။

သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မကျင့်မှုနဲ့ အမှုဖွင့်တိုင်ကြားထားတဲ့ အိမ်အကူ မခင်မာညို(ခ) မခင်မာမြင့်က သရုပ်ဆောင် နေဆန်းရဲ့ အိမ်မှာလည်း အိမ်အကူ လုပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။  ရက်ပိုင်းလောက်သာ အိမ်အကူလုပ်ပြီး ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ စိတ်ပုံမှန်မဟုတ်သူ ဖြစ်တဲ့အကြောင်း သိခဲ့ရပါတယ်တဲ့။

Photo: နေဆန်းဖေ့စ်ဘွတ်

 

လက်ရှိ အွန်လိုင်းပေါ်မှာ တွေ့မြင်နေရတဲ့ သရုပ်ဆောင် သီဟတင်စိုးကို အမှုဖွင့်တိုင်ကြားထားတဲ့ ဒေါ်ခင်မာညို(ခ)ခင်မာမြင့် ဟာ သရုပ်ဆောင် နေဆန်းရဲ့ အိမ်မှာလည်း အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ သူ့ရဲ့အိမ်မှာလည်း ၄ ရက် ၅ ရက် အိမ်အကူ လုပ်ခဲ့ဖူးတဲ့ အကြောင်းကို နေဆန်းက ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

'' အဲဒီ ခင်မာမြင့် ဆိုတာ ကျွန်တော့အိမ်မှာ အိမ်အကူ လုပ်ဖူးတယ်။ ရက်ပိုင်းလေးပဲ ။ ၄၊ ၅ရက်လောက်ပဲ ထင်တယ်။ အဲ့တုန်းက သူ့နာမည်က ခင်မာညို တဲ့။ ကျွန်နော်တို့ အိမ်မှာမရှိတုန်း အဖွားက သူ့ကို ဆွမ်းလောင်းဖို့ အကြော်ဝယ်ခိုင်းလိုက်တာပြန်မလာတော့ပဲ ထွက်ပြေးသွားတယ်

ပွဲစားခတော့ပြန်ရတယ် ရက်တွက်ခတော့ပေးလိုက်ရတယ်'' လို့ နေဆန်းက ရေးသားထားတာဖြစ်ပါတယ်။

Photo: နေဆန်းဖေ့စ်ဘွတ်

 

အဲ့ဒီတုန်းကလည်း အိမ်ဖော်ဖြစ်သူ ခင်မာညိုနဲ့ ပတ်သက်ပြီး အရမ်းကို အလုပ်ရှုပ်ခဲ့ရတဲ့အကြောင်းနဲ့ တခြားလုပ်ဖော်ကိုင်ဖက် တွေကလည်း ခင်မာညိုဟာ Abnormal (စိတ်မနှံ့တဲ့သူ) ဖြစ်တယ်လို့ ပြောကြတဲ့အကြောင်း နေဆန်းက ဆက်လက်ရေးသားထားတာကို တွေ့ရပါတယ်။

Photo: နေဆန်းဖေ့စ်ဘွတ်

ဇနီးရဲ့ ရာသက်ပန်ဆံပင်အလှူမှာ ပါဝင်ကုသိုလ်ယူနေတဲ့ နေဆန်း 

ဒီအကြောင်းရဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ Duwun Media က ဖုန်းဆက် မေးမြန်းချိန်မှာတော့ နေဆန်းက မဖြေဆိုပေးနိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေသလို ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ချစ်တီး ထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

Photo: နေဆန်းဖေ့စ်ဘွတ်

 

နေဆန်းက အနုပညာလောကမှာ ရပ်တည်လာတာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပြီး ယနေ့အထိ နာမည်ရနေတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက် ဖြစ်ခဲ့တဲ့ နေဆန်းဟာ အသက် ၄၀ ကျော် ၅၀ နားကပ်တဲ့ အချိန်မှာလည်း ကျရာဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာသမားအစစ်အမှန်ဖြစ်ကြောင်း ပြသနေသူလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က