သီဟတင်စိုးကို လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်နဲ့ ပွဲစားဒေါ်ညို တို့ကို ဒီနေ့ သြဂုတ်၂၉ ရက် က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့မှာ တရားလိုဖြစ်သူ သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူး ကို ကိုစစ်ဆေးခဲ့ရာ သက်သေခံတင်သွင်းရန် မူရင်းစာရွက်စာတမ်းမပြည့်စုံတဲ့အတွက် နောက်ထပ်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သင်္ဃန်းကျွန်းမြို့နယ်တရားသူကြီးက တရားခွင်မှာ ပြောကြားခဲ့ပါတယ်။
နောက်ထပ်ရုံးချိန်းကိုတော့ စက်တင်ဘာ ၅ ရက်ကို ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမှာ စခန်းမှူးကို အပြီးသတ်စစ်ဆေးမှာဖြစ်ပြီး မခင်မာမြင့်က တရားခွင်တွင် မေးခွန်းမေးမြန်းခွင့်ရမယ်လို့ တရားသူကြီးကဆက်လက်ပြောကြားပါတယ်။
“ရုံးချိန်းကို ၅ ရက်နေ့ ပြန်ချိန်းထားပါတယ်။ ထွက်ဆိုချက်ကတော့ မပြီးသေးပါဘူး။စစ်ခံဖို့ စာရွက်စာတမ်းတွေမပြည်စုံတဲ့အတွက်နောက်တစ်ပတ်ရုံးချိန်းကို ပြန်ချိန်းလိုက်တာပါ” လို့ု သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်သန်းနိုင်က ပြောပါတယ်။
အိမ်အကူမခင်မာမြင့်ဟာ ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးက သူ့ကို အဓမ္မပြုကျင့်တယ်ဆိုပြီး သုဝဏ္ဏနယ်မြေရဲစခန်းမှာ လီဆယ်အမှုဖွင့်တဲ့အတွက် စခန်းမှူးက တရားလိုလုပ်ကာ ပြန်လည်တရားစွဲဆိုထားတာပါ။
ဒါ့အပြင် ဇင်မာဦးတရားလိုပြုလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ ခင်မာမြင့်၊ဒေါ်ညိုနဲ့၊ ထွန်းတောက်အကျိုးဆောင်ပိုင်ရှင် ဒေါ်မြင့်တို့အမှုမှာ တရားလို မဇင်မာဦး လာရောက်ခြင်းမရှိတာကြောင့် နောက်ထပ်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဒီနေ့ရုံးချိန်းမှာ ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုး လာရောက်မယ်လို့ မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားထားပေးမယ့် တကယ် လာရောက်ခြင်းမရှိခဲ့ပါဘူး။
အိမ်အကူခင်မြင့်ဟာ သီဟတင်စိုးကို အဓမ္မပြုကျင့်မှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄ ရက်တုန်းက တိုင်တန်းခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။