ချစ်ဖို့ကောင်းလိုက်တာ

အမြွှာညီအစ်ကို နှစ်ယောက်ဟာ သူတို့ရဲ့ ဆရာသမားတစ်ဦးလို ဖြစ်နေတဲ့ နေတိုးဆီသို့ ဒီဇင်ဘာ(၂၂) ရက်နေ့က သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ငယ်သေးပေမယ့် ဆရာသမားကို သိတတ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်က ဂုဏ်ယူဖို့ ကောင်းလှပါတယ်။

Photo : နေတိုး FB



မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုးနှစ်ကိုယ်ခွဲ နေရာကပါဝင်သရုပ်ဆောင်ထားတဲ့ အမြွှာညီအစ်ကို ဇွဲဝေယံထူးနဲ့ဇွဲဝေယံထက်တို့က ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အမြွှာညီအစ်ကိုလေးတွေလည်း ဖြစ်ပါတယ်။အမြွှာညီအစ်ကို နှစ်ယောက်ဟာ သူတို့ရဲ့ ဆရာသမားတစ်ဦးလို ဖြစ်နေတဲ့ နေတိုးဆီသို့ ဒီဇင်ဘာ(၂၂) ရက်နေ့က သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

Photo : နေတိုး FB

ငယ်သေးပေမယ့် ဆရာသမားကို သိတတ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်က ဂုဏ်ယူဖို့ ကောင်းလှပါတယ်။နေတိုးကိုယ်တိုင်ကလည်း အမြွှာညီအစ်ကိုရဲ့ သိတတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူကိုယ်တိုင် ရေးသားထားတဲ့ “စေ့ထားသောတံခါးများ” ဆိုတဲ့ စာအုပ်လေးကိုလည်း လက်ဆောင်ပြန်ပေးခဲ့တာ တွေ့ရပါတယ်။

ကလေးလေးတွေနဲ့ အတူ ရိုုက်ထားတဲ့ ပုံလေးတွေကို တင်ရင်း ယခုလို စာသားလေးကိုလည်း နေတိုးက ရေးသားခဲ့ပါတယ်။ “ဦးနေတိုးကို လာကန်တော့ကြတာတဲ့” ဆိုပြီး ဒီဇင်ဘာ(၂၂) ရက်နေ့ ရေးသားထားပါတယ်။


Photo : နေတိုး FB

သူတို့နှစ်ဦးဟာ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပါ။ ပါဝင်ရတဲ့ အခန်းကဏ္ဍက နည်းပေမယ့် သူတို့လေးတွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်မှုကြောင့် ဇာတ်ရှိန်ကို မြင့်တက်စေခဲ့တယ်ဆိုလည်း မမှားပါဘူး။ အတွေ့အကြုံ မရှိသေးတဲ့ ကလေးတွေ ဖြစ်ပေမယ့် သူတို့ရဲ့ သရုပ်ဆောင်နိုင်မှုတွေကို ပရိသတ်တွေ မချီးကျူးပဲ မနေနိုင်ခဲ့ပါဘူး။


Photo : နေတိုး FB

ယခုဆိုရင် ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ ပါဝင်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း အရမ်းကို အောင်မြင်နေပါပြီ။ ပရိသတ်တွေရဲ့ အားပေးမှုက (၆)ပတ်မြောက် ရုံတင်ပြီးတာတောင် မရပ်သွားသေးဘဲ (၇)ပတ်မြောက် ရုံတင်ပြသဖို့အတွက် တောင်းဆိုထားတာတွေတောင် ရှိလို့နေပါပြီ။

ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး(အကယ် ဒမီ)၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး(အကယ်ဒမီ)၊ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က