စိုင်းစိုင်းခမ်းလှိုင်က သီရိဂျေမောင်မောင်နဲ့အတူ သီချင်းတွေ ဆိုခဲ့ရဖူးတဲ့အကြောင်းပြောလာပါတယ်။ အခုချိန်ထိလည်း အောင်မြင်မှုများစွာပိုင်ဆိုင်ထားတဲ့ အဆိုတော် နှစ်ဦးပါပဲ။
Photo: Thiri J Maung Maung
စိုင်းစိုင်းခမ်းလှိုင်ဟာ ဂီတအလုပ်တွေ စလုပ်ချိန်က အဆိုတော် သီရိဂျေမောင်မောင်နဲ့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ သီချင်းတွေ အတူတူဆိုခဲ့တာတွေကို လွမ်းတယ်လို့ စိုင်းစိုင်းက ပြောပါတယ်။
"ဆယ်ကျော်သက်တုန်းက မသီရိရဲ့ ပွဲတွေမှာ Featuring Rap လိုက်ဆိုတာတွေကို ပြန်လွမ်းမိပါတယ်။ ( မှတ်ချက် - အခုလည်း ဆယ်ကျော်သက်ပါပဲကျော်တဲ့နှစ်တွေနည်းနည်းများသွားတာလေးတစ်ခုပဲ )"ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Sai Sai
Photi: Sai Sai
စိုင်းစိုင်းဟာ စိုင်းစိုင်း(Sai Sai)က ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။