အဆိုတော် သီရိကိုကို အတွက် ကော်နီက မွေးနေ့ဆုတောင်းပေးရင်း စိတ်နေစိတ်ထားလေးကိုပါ ချီးကျူးခဲ့ပြန်ပါသေးတယ်။
Photo: Thiri Ko Ko
ကော်နီဟာ ဂီတညီအစ်မ တစ်ဦးဖြစ်တဲ့ အဆိုတော် သီရိကိုကို အတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ သီရိကိုကို ရဲ့ စိတ်နေစိတ်ထားလေးကိုလည်း ချီးကျူးပြောပြလာပါသေးတယ်။
"အနုပညာနဲ့အတူ အနုပညာမောင်နှမတွေကို အမြဲကူညီအားပေးတတ်၊ ချစ်တတ်ပါသောချစ်ညီမ။
မိသားစုကိုအလွန်ချစ်သောသူ။ ယောင်္ကျားဖြစ်သူကိုတော့မျက်စေ့အောက် ကအပျောက် မခံလောက်အောင်
ချစ်တတ်သူ ။ Happy Birthdayပါ အဖြူရောင်ချစ်ညီမ သီရိ နဲ့မှ ကိုကိုရေတရားထူး တရားမြတ်များနဲ့အတူ ထာဝရ အေးချမ်းသာယာသောဘဝကိုပိုင်ဆိုင်ပါစေချစ်ညီမ။ ဗုဒ္ဓဂါယာသွားရင်တော့ ကိုမော်ကြီးကိုခေါ်သွားမယ်နော်" ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Conni
အဆိုတော် သီရိကိုကိုဟာ ဂီတလောကထဲကို ၁၉၉၀ ခုနှစ်ဝန်းကျင်က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ " နေရာတကာ" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေက စတင်သိရှိခဲ့ကြတာပါ။ အဲဒီနောက် " မေးခွန်းလေးများ" ၊ " ရှင်နော်" ၊ "မကြောက်ဘူးလား" ၊ "ဂျူးလိယက်" စတဲ့ သီချင်းလေးတွေက အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ သီချင်းတွေ ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေများစွာလည်း ထွက်ရှိခဲ့သလို အတွဲအခွေတွေလည်း ထွက်ရှိထားသူတစ်ယောက်ပါ။ သူမရဲ့ သီချင်းအသစ်အနေနဲ့ "ယုံကြည်ထား" ဆိုတဲ့ သီချင်းလေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
Photo: Conni
ကော်နီကိုတော့ ကိုကိုချစ် ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေစတင်သိရှိခဲ့တာပါ။ အသံပါဝါအားကောင်းတဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ တစ်ကိုယ်တော်အခွေများစွာလည်း ထွက်ရှိထားသူပါ။ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာနေပါပြီ။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်မိတ်ဆက်လိုက်တဲ့ ‘’ဆေး’’ ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်ရင်ထဲကို ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ ဒီသီချင်းကို ဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။