ဧငြိမ်းဖြူကို သီချင်းတွေဆိုဖို့ ချစ်သူဖြစ်တဲ့ ရဲရင့်အောင်က တိုက်တွန်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
Photo: A Nyein Phyu
ဧငြိမ်းဖြူကတော့ သီချင်းတွေဆိုဖို့ သင်တန်းတက်ပြီး လေ့လာသွားမယ်လို့ ဆိုပါတယ်။ ချစ်သူဖြစ်တဲ့ ရဲရင့်အောင်ကလည်း သူမဆိုမယ့် သီချင်းတွေကို ရေးပေးချင်တဲ့ဆန္ဒရှိတယ်လို့ မီဒီယာ တွေကို ဖြေဆိုခဲ့ပါတယ်။
“သူက ဧကို သီချင်းဆိုဖို့ ခဏခဏပြောတယ်။ ဧ အသံနဲ့ သီချင်းဆိုဖို့ ဘယ်လိုလုပ်ဖြစ်မှာလဲနော်။ သူကတော့ သင်တန်းတွေသေချာတတ်ပြီးဆိုစေချင်တယ်။ သူကိုယ်တိုင်ကလည်း ဧ အတွက် သီချင်းရေးစေချင်တယ်လို့ပြောတယ်။ ဒါပေမယ့် ဧ အတွက်ကတော့ လုံးဝ ယုံကြည်မှု မရှိပါဘူး။ ကိုယ်ကသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် နောက်ပိုင်းကျရင် အသံနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေလည်း တက်ဖို့ အများကြီး စီစဉ်ထားတယ်” ဆိုပြီးတော့ G.O.A.T အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: A Nyein Phyu
ဧငြိမ်းဖြူကိုယ်တိုင်ကလည်း သူမရဲ့ အသံနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု မရှိဘူးလို့ဆိုလာပါတယ်။ စကားပြောတိုင်း အရမ်းဆင်ခြင်နေရတယ်လို့ သူက ပြောပါတယ်။
“ ကိုယ့်အသံကိုယ် အားမရတာတော့ အမြဲတမ်းပါပဲ။ အဲဒါကြောင့်မို့လို့ ဧ စကားတစ်ခုခု ပြောရင် သတိထားရတယ်။ နဂိုကတည်းက ကိုယ်က စကားပြောမြန်တဲ့လူဆိုတော့ အရမ်းဆင်ခြင်ရတယ်။ သူဆို ဧ ကို ခဏခဏပြောတယ် စာကလေးအသံနဲ့ အရမ်းပြောတာပဲလို့ ပြောလွန်းလို့ အခုဆို တော်တော် ကို ထိန်းပြီးပြောနေရတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: A Nyein Phyu
ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးဟာ အခုဆိုရင် ချစ်သူ သက်တမ်း ၃ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပဲ ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေပါ။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။