သရဲလေးကောင်ထဲက နှစ်ကောင်လျော့သွားပြီပေါ့တဲ့။

ဟာသ သရုပ်ဆောင် ကင်းကောင်ဟာ လူရွှင်တော် သက်ကြီးပူဇော်ပွဲတုန်းကတောင် လူရွှင်တော်ကြီး မန်းဝင်းရဲ့ လက်ကလေးကိုကိုင်ကာ နေကောင်သွားပြီဆိုတဲ့ အကြောင်းလေး ပြောခဲ့ပါသေးတယ်တဲ့။

Photo : မန်းဝင်း FB

လူရွှင်တော်ကြီး မန်းဝင်းက သရုပ်ဆောင် ကင်းကောင်အတွက် တွေးရင်းတွေးရင်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် ကြယ်တစ်ပွင့် ကြွေလွင့်သွားပြီ ဆိုတာ သိလိုက်ရတော့ ကြေကွဲမိတယ်လို့ မန်းဝင်းက ဆိုပါတယ်။ဟာသ သရုပ်ဆောင် ကင်းကောင်ဟာ လူရွှင်တော် သက်ကြီးပူဇော်ပွဲတုန်းကတောင် လူရွှင်တော်ကြီး မန်းဝင်းရဲ့ လက်ကလေးကိုကိုင်ကာ နေကောင်သွားပြီဆိုတဲ့ အကြောင်းလေး ပြောခဲ့ပါသေးတယ်တဲ့။

Photo : ကင်းကောင် FB

“လူရွှင်တော်သက်ကြီးပူဇော်ပွဲတုန်းက လက်ကလေးကိုင်လို့ လေးလေးမန်း ကျွန်တော်နေကောင်းသွားပြီ။ ကျန်းမာရေးဂရုစိုက်နော်လို့ ပြောသွားတာလေး သတိရနေမိတယ် မောင်ကင်းရယ်။ ဒါရိုက်တာမောင်သီ ဆုတောင်းပေးသလို ကင်းကောင်က ကောင်းကင်ကိုရောက်နိုင်ပါစေလို့ ဦးမန်းဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီး ဇန်နဝါရီ(၂၄) ရက်နေ့က မန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။

Photo : မန်းဝင်း FB

လူရွှင်တော်ကြီး မန်းဝင်းဟာ ကင်းကောင်ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ပေးနိုင်တာကြောင့်လည်း ခွင့်လွှတ်ပါဆိုပြီး ပြောထားပါသေးတယ်။

“ဦးမန်းကျန်းမာရေးမကောင်းလို့ လာမပို့နိုင်တာ ခွင့်လွှတ်ပါ။ သရဲလေးကောင်ထဲက နှစ်ကောင်လျော့သွားပြီပေါ့နော်။ ဦးမန်းလည်း လက်မှတ်ရထားပြီးပါပြီ။ သွားနှင့်ဦးပေါ့ မောင်ကင်းရေ” ဆိုပြီး မန်းဝင်းက ဆက်လက်ပြောထားပါသေးတယ်။

လူရွှင်တော်ကြီး မန်းဝင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က