မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့။

လွင်မိုးဟာ သရုပ်ဆောင် ကင်းကောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ ကင်းကောင် ရုပ်အလောင်းကို ဒီနေ့(ဇန်နဝါရီ ၂၄ရက်) နံနက်က ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

လူတွေအားလုံးကိုု ရယ်မောပျော်ရွှင်စေအောင် ဖန်တီးပေးခဲ့သူ ကင်းကောင်ဟာ သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်လို့ သွားခဲ့ပါပြီ။ ကင်းကောင်ဟာ ဇန်နဝါရီ(၂၂) ရက်နေ့ နံနက်ပိုင်းက ပုပ္ပါးမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဒီနေ့(ဇန်နဝါရီ ၂၄ရက်)က ရေဝေးသုသာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။



ကင်းကောင်ရဲ့ နောက်ဆုံးခရီးကို အနုပညာမောင်နှမတွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။အဲ့ဒီအထဲမှာမှ လွင်မိုးဟာလည်း သရုပ်ဆောင်ကင်းကောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သူငယ်ချင်း ကင်းကောင်ရဲ့ အလောင်းကို ကိုယ်တိုင် ဝင်ထမ်းပေးခဲ့ပါသေးတယ်။လွင်မိုးရဲ့ ဖေ့စ်ဘွတ်မှာလည်း ကင်းကောင်ရဲ့ နောက်ဆုံးအခိုးအငွေ့လေးကို ဓာတ်ပုံရိုက်ရင်း ယခုလို စာသားလေး ရေးသားထားပါသေးတယ်။“သွားနှင့်တော့ ကင်းရေ” ဆိုပြီး လွင်မိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

လွင်မိုး ရေးသားထားတဲ့ စာလေးကို ဖတ်ပြီး ပရိသတ်တွေလည်း တော်တော်လေး စိတ်မကောင်းဖြစ်လို့နေပါတယ်။ လွင်မိုးနဲ့ ကင်းကောင်တို့ဟာ အနုပညာအလုပ်တွေ များစွာကို အတူတူလက်တွဲပြီး လုပ်ကိုင်ခဲ့သူတွေပါ။ ပရိသတ်တွေ မှတ်မှတ်ရရရှိစေခဲ့တာက “သရဲလေးကောင်” ဆိုတဲ့ ပြဇာတ်ပါပဲ။

ဒါရိုက်တာ မောင်သီ ရိုက်ကူးထားပြီး အရိုင်း၊ကင်းကောင်၊ကုသိုလ်၊ဖိုးဖြူတို့နဲ့အတူ လွင်မိုးနဲ့အခြားအနုပညာရှင်တွေ ပါဝင်ထားတဲ့ ပြဇာတ်ဟာ ၁၉၈၀ ကျော်ပတ်ဝန်းကျင်က ပရိသတ်တွေကြား အောင်မြင်တဲ့ ပြဇာတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကင်းကောင်ဟာ ၁၉၈၃ခုနှစ်ကစပြီး နှစ်ပေါင်း (၃၆) နှစ်တိုင်တိုင် သူချစ်တဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့သူ တစ်ဦးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က