ရုပ်ရှင်အတူရိုက်ကူးနေတဲ့ အနုပညာမောင်နှမတွေပြုလုုပ်ပေးတာပါ။

ဒီနေ့(ဇန်နဝါရီလ ၂၂ )ရက်နေ့ မနက်မှာ ကွယ်လွန်ခဲ့တဲ့ လူရွှင်တော်ကင်းကောင်အတွက် ရုပ်ရှင်ဇာတ်ကား အတူတူရိုက်ကူးနေကြတဲ့ သရုပ်ဆောင်တွေက သက်ပျောက်ဆွမ်းကပ်ရင်း အမျှဝေခဲ့ကြပါတယ်။

Photo: ကြာစိ

ဟာသလူရွှင်တော်၊ ဇာတ်ပို့သရုပ်ဆောင် ဦးကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၇ နာရီက ပုပ္ပါးမှာ ဇာတ်ကားရိုက်နေရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဦးကင်းကောင်အတွက် ဇာတ်ကားအတူတူရိုက်နေကြတဲ့ သရုပ်ဆောင်တွေက သက်ပျောက်ဆွမ်းကပ် တရားနာခဲ့ကြတယ်လို့ လူရွှင်တော် ကြာစိက ပြောပြထားပါတယ်။

‘’ ဦးကင်း ရဲ့ နောက်ဆုံးထွက်သက် အခန်းလေးမှာ သက်ပျောက်ဆွမ်းကပ် တရားနာ အမျှပေးဝေပါသည်... ဦးကင်းကြားပါစေ သိပါစေ မြင်ပါစေ နော်’’ ဆိုပြီးတော့ လူရွှင်တော်ကြာစိရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ကြာစိ

ဲဒီနောက် ကြာစိက ရိုက်ကွင်းပေါ်မှာ ကင်းကောင် ပြောနေကြ စကားတွေကိုလည်း တမ်းတလွမ်းဆွတ်ရင်း ပြောပြခဲ့ပါတယ်။

‘’ ငါကြောက်တယ် နော်။ ခဏခဏပြောခဲ့တဲ့ ဦးကင်းဘယ်သူမှကြောက်စရာမလို့တော့ပါဘူး။ လောကကြီးထဲက ထွက်သွားလိုက်ပြီပဲ။ အခုဇာတ်လမ်းလေးကိုတောင် မရိုက်သွားနိုင်ရှာဘူးဗျာ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၀နာရီ ၁၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ကြာစိ

လူရွှင်တော် ကြာစိနဲ့ လူရွှင်တော် ကင်းကောင် တို့ဟာ ရုပ်ရှင်ဇာတ်ကားကြီး အတူတူ ရိုက်ကူးနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ပုပ္ပါးမှာ ရိုက်ကူးနေတာပါ။ ဦးကင်းကောင်အတွက် အနုပညာရှင်များသာမက သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။

Photo: ကြာစိ

နုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ ဦးကင်းကောင်ဟာ ပရိသတ်ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူပါ။

Share

Loading Next Article...
က္က