လတိုင်းနီးပါး ပေါက်တာတဲ့။

ရတနာမိုင်တစ်ယောက် မေလမှာလည်း ထီကံကောင်းနေလို့ ပျော်နေပြန်ပါပြီ။ လတိုင်းနီးပါး ထီကံကောင်းနေတာနော်။

 

Photo : ရတနာမိုင်

အဆိုတော် ရတနာမိုင်က မေလမှာ သူမထိုးထားတဲ့ ထီတွေထဲက ငါးသောင်းဆု (၂) ဆုပေါက်ပြန်ပြီလို့ ဆိုပါတယ်။ လတိုင်းနီးပါး ထီပေါက်ပေမယ့်လည်း (၅)သောင်း ဆုနဲ့ပဲ ညားနေတယ်လို့ ရတနာမိုင်က ပြောထားပါသေးတယ်။

“ထိုးထားတဲ့ ထီတွေထဲက ငါးသောင်း ဆု ၂ ဆု ပေါက်ပြန်ပြီ ပေါက်ပါလား သိန်း ၁ သောင်းခွဲ ဗြဲ လတိုင်းတော့ ထီပေါက်ပါရဲ့ ၅ သောင်းနဲ့ပဲညား” ဆိုပြီး ရတနာမိုင်ရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ရတနာမိုင်

ပရိသတ်တွေကလည်း သူမ ထီပေါက်တဲ့အတွက် ဝမ်းသာနေကြသလို မုန့်ဝယ်ကျွေးဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။ ရတနာမိုင်ဟာ ဂီတလောကမှာ တစ်ခေတ် တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် မိုင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။ သူမရဲ့ လက်ထပ်မှာလည်း မိခင်ရဲ့ ဂီတအမွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။

Photo : ရတနာမိုင်

သူမက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း ဆုတံဆိပ်တွေရရှိထားသူပါ။ လက်ရှိမှာလည်း ဖျော်ဖြေရေးပွဲတွေ သွားနေရပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ထွက်ရှိထားတဲ့ “မမေ့ပါနဲ့” ၊ “လိုရာသုံး” စတဲ့သီချင်းလေးတွေဟာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်တဲ့ သီချင်းလေးတွေ ဖြစ်လို့နေပါတယ်။

Share

က္က