ငပလီကို အပျိုကြီးမမ တစ်ယောက်တည်းရောက်နေခဲ့တာတဲ့။

ဝတ်မှုံရွှေရည်တစ်ယောက် ငပလီကို တစ်ယောက်တည်း ခရီးထွက်လာတာကြောင့် မိသားစုတွေနဲ့ သူငယ်ချင်းတွေက သူမ မသိအောင် အနောက်ကနေ လိုက်လာကြတယ်လို့ ဆိုပါတယ်။

Photo: ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်က တစ်ယောက်တည်း ခရီးထွက်လာရာကနေ မိသားစုတွေကပါ သူ့ဆီရောက်လာကြလို့ ပျော်ရွှင်နေပါတယ်။ သူမက လက်ရှိမှာတော့ ငပလီကမ်းခြေကို ရောက်ရှိနေတာပါ။

‘’စထွက်လာတုန်းကတော့ တစ်ယောက်ထဲ ပဲ နောက်ကနေ အဖေနဲ့အမေ သူငယ်ချင်းတွေက မျက်စိအောက်ကအပျောက်မခံနိုင်ကြပဲ လိုက်လာကြတာ။ ဟိဟိ အမှတ်တရ ပင်လယ်ခရီးလေးတစ်ခုဖြစ်သွားပြန်ရော’’ ဆိုပြီးတော့ မေလ ၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ဝတ်မှုံရွှေရည်

အဲဒီနောက် ဝတ်မှုံရွှေရည်ရဲ့ သူငယ်ချင်းဖြစ်သူ Thu Rain Kyaw Moe Facebook Acc ပိုင်ရှင်ကလည်း အခုလို စနောက်ထားတာ တွေ့ရပါတယ်။

‘’ အပျိုကြီး ငပလီတစ်ယောက်ထဲရောက်နေတယ်ဆိုလို့ Surprise လာလုပ်တာ’’ ဆိုပြီးတော့ မေလ ၉ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: ဝတ်မှုံရွှေရည်

အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။


Photo: ဝတ်မှုံရွှေရည်

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။


Photo: ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က