ပဉ္စမ အကြိမ်နှစ်ပါတ်လည် မှာထုတ်ပေးတာပါ။

သီလဝါအများပိုင်ကုမ္ပဏီကနေ အ ခုဘဏ္ဏာနှစ်စ်အတွက် ရှယ်ယာတစ်စုကို ကျပ် ၂၃၀ အမြတ်ငွေခွဲပေးခဲ့တယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့ မှာပြုလုပ်တဲ့ ပဉ္စမ အကြိမ်နှစ်ပါတ်လည် အစည်းအဝေးမှာ MTSH ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်သူ ဦးဝင်းအောင်ကပြောပါတယ်။

 

42790946_283935882429188_1704383485663248384_n.jpg

"ကျွန်ေတော်တို့ ဒီနှစ်အတွက် အမြတ်ငွေတွေထဲကနေ တစ်စုကို ၂၃၀ ကျပ်ခွဲဝေပေးခဲ့ပါတယ်။"လို့သူက ပြောပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ဇုန် A က ရာနှုန်းပြည့်နီးပါးပြီးစီးနေတာဖြစ်ပြီးတော့ ဇုန် B ကတော့ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိအထူးစီးပွားရေးဇုန်မှာ အလုပ်အကိုင်ပေါင်း ၅၀၀၀ ကျော်ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အစည်းအဝေးကို ငါးကြိမ်မြောက်ကျင်းပတာဖြစ်ပြီး ဘုတ်အဖွဲ့ဝင်တွေအကြားမှာ အငြင်းပွားမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

ဇုန် B အတွက်ဟက်တာ ၇၀၀ လျာထားပြီးတော့ Phase တွေအလိုက်အကောင်အထည်ဖော်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံပေါင်း ၁၇ နိုင်ငံက ရင်းနှီးမြှုပ်နှံ မှုပေါင်း ကုမ္ပဏီ ၉၄ ခု အထိရှိနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က