ဆန်းချက်ဇ် ပါဝင်မှာမဟုတ်ဘူးလို့ ချီလီက အတည်ပြုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ စက်တင်ဘာလအတွင်းမှာ ကစားရမယ့် ချီလီအသင်းရဲ့ ခြေစမ်းပွဲ (၂)ပွဲကို လွဲချော်တော့မယ်လို့ ချီလီနည်းပြ ရူဒါက ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ကို လက်ရွေးစင်အသင်းအတွက် မရွေးချယ်ဖို့ မန်ယူအသင်းက ချီလီကို တောင်းဆိုခဲ့မှုကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : ESPN

 

၁၉၉၂-၉၃ ဘောလုံးရာသီနောက်ပိုင်းမှာ အဆိုးဝါးဆုံးရာသီအစနဲ့ ကြုံတွေ့နေရတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၃) နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဘရိုက်တန် နဲ့ စပါးတို့နဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ ပြိုင်ဘက်အသင်းတွေကို (၃)ဂိုးစီ ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လုခ်ရှော ပြန်လည်ပါဝင်လာတဲ့ အင်္ဂလန်အသင်းလူစာရင်း 

Photo : ESPN

 

ချီလီအသင်းဟာ ခြေစမ်းပွဲတွေအဖြစ် ဂျပန် နဲ့ တောင်ကိုရီးယားအသင်းတို့နဲ့ ကစားသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆန်းချက်ဇ်ကတော့ စပါးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပြီး စပါးနဲ့ မတိုင်ခင် ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။

Photo : ESPN

 

ဆန်းချက်ဇ်ကို မန်ယူအသင်းအတွက် အားစိုက်ကစားပေးဖို့ ကလပ်အသင်းက အလိုရှိနေပြီးနောက် ချီလီအသင်းကို တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အသက် (၂၉)နှစ်အရွယ် ဆန်းချက်ဇ်ဟာ ချီလီအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားသူဖြစ်ပြီး စုစုပေါင်း (၃၉)အထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။

Photo : Gola.com

 

ချီလီအသင်းနဲ့အတူ ကိုပါအမေရိကဖလားကိုလည်း ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ဆက်တိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲနှစ်ခုလုံးရဲ့ ဗိုလ်လုပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချီလီအသင်းအနေနဲ့ ဆန်းချက်ဇ်အပြင် ချီလီကလပ် ကိုလိုကိုလိုအသင်းမှ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဂျော့ဗယ်ဒီဗီယာ နဲ့ ရှေ့တန်းလူ ပါရက်ဒက်စ်တို့ကိုလည်း ကိုပါလီဘာတေဒိုးစ်ပြိုင်ပွဲကြောင့် လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က