နေအိမ် ၁၂၀ ထက်မနည်း ပျက်စီးခဲပြီး လူပေါင်းများစွာကို ရွှေ့ပြောင်းစေခဲ့ရပါတယ်။

ချီလီနိုင်ငံ Valparaíso မြို့မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၂၀ ထက်မနည်း ပျက်စီးခဲပြီး လူပေါင်းများစွာကို ရွှေ့ပြောင်းစေခဲ့ရပါတယ်။

(Photo: Reuters)

Rocuant နဲ့ San Roque အရပ်တွေမှာ အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးကို အဆိုပါမြို့ရှိ မီးသတ်သမားအားလုံးက ငြှိမ်းသတ်နေပါတယ်။ တောမီးလောင်နေမှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ ၉၀,၀၀၀ မှာ လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရပြီး မီးမကူးစက်ရန် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခဲပါတယ်။



Valparaíso မြို့တော်ဝန် Jorge Sharp က 24 Horas သတင်းဌာနကို ပြောကြားမှုအရ တောမီးလောင်မှုဟာ တမင်ရည်ရွယ် မီးရှို့ခဲ့ရာမှ စတင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်ထိ တောမီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ သတင်းတွေ မရှိသေးပါဘူး။

(Photo: Reuters)

"အခုအချိန်မှာ Valparaíso တစ်မြို့လုံးက အရေးပေါ်အဖွဲ့တွေက မြို့ရဲ့ ပိုမြင့်တဲ့နေရာနှစ်ခုမှာ မီးငြှိမ်းသတ်ရေးမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်၊ မြေပြင်ကနေရော လေထဲကနေပါ မီးငြှိမ်းသတ်နေပါတယ်" လို့ မြို့တော်ဝန်က ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ အပူချိန်မြင့်တက်နေမှုက တောမီးလောင်မှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ Valparaíso မြို့ဟာ ချီလီနိုင်ငံရဲ့ အကြီးဆုံးမြို့နဲ့ ပစိဖိတ်သမုဒ္ဒရာမှာ အဓိက ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်။

(Photo: Reuters)

ချီလီ စိုက်ပျိုးရေးဝန်ကြီး Antonio Walker က တောမီးလောင်မှုအခြေအနေကို လာရောက်ကြည့်ရှုခဲ့ပြီး မီးသတ်သမားတွေဟာ မီးကိုထိန်းချုပ်နိုင်ရန် ရုန်းကန်ကြိုးပမ်းနေရကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ လက်ရှိမှာ တောမီးက မြက်ခင်မြေ ၄၄၅ ဧကမှာ လောင်ကျွမ်းသွားခဲ့ပြီးဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ချီလီနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ Valparaíso မြို့ဟာ တောင်အမေရိကမှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများပြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က