ထီလက်မှတ်တွေကို လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ထပ်မံဝယ်ယူနိုင်ပါတယ်
အောင်ဘာလေထီဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ အာမခံငွေ ပေးသွင်းကာ သဘောတူစာချုပ်ချုပ်ဆိုပြီး ဝယ်ယူနေပေမယ့် အချို့သူတွေက သတ်မှတ်ရက်အတွင်း ဝယ်ယူဖို့ ပျက်ကွက်နေတယ်လု့ိ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက မတ်လ ၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတ်မှတ်ရက်အတွင်း ဝယ်ယူဖို့ ပျက်ကွက်နေတာကြောင့် သဘောတူစာချုပ်စည်းကမ်းချက်တွေနဲ့ အညီ အာမခံံငွေ (Deposit) သိမ်းယူရမယ့် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး ထီစာအုပ်တွေ ရောင်းချဖို့ ကျန်ရှိနေတယ်လို့လည်း သိရပါတယ်။

(၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်တွေကို “ က “ အက္ခရာမှ အစဉ်လိုက် “ အ “ အက္ခရာထိ အက္ခရာ (၃၃) လုံးနဲ့ “ကက” အက္ခရာမှ အစဉ်လိုက် “ကဆ” အက္ခရာထိ အက္ခရာ (၇) လုံး၊ စုစုပေါင်း အက္ခရာ အလုံး (၄၀) နဲ့ (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်တွေကို “ က” အက္ခရာ မှ အစဉ်လိုက် “ဌ” အက္ခရာထိ အက္ခရာ (၁၂) လုံးတို့ကို ထီစာအုပ်ဝယ်ယူလိုသူတွေရဲ့ လျှောက်ထားမှုအပေါ် ၁၇ ရာခိုင်နှုန်းကို နိုင်ငံတစ်ဝှမ်းလုံးကို ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။

ထီလက်မှတ်တွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပြီး ပြင်ပမှာ ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် (၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီစာအုပ်နဲ့ ၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီစာအုပ်တွေကို လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေနဲ့ ဖြစ်စေ ထပ်မံဝယ်ယူလိုသူတွေရှိပါက ဝယ်ယူနိုင်ကြောင်းလည်း အသိပေးကြေညာထားပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ ဘဏ်ငွေသွင်းချလန်နဲ့အတူ အမှတ် ၃၈၄၊ မဟာဗန္ဒုလလမ်းနဲ့ ၃၇ လမ်းထောင့် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့က အောင်ဘာလေသိန်းဆုဌာနခွဲ မှာမတ်လ ၂၂ ရက်အထိ ရုံးဖွင့်ရက်တွေမှာ ဝယ်ယူနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က