စိုးရိမ်ရေမှတ်အောက် ၂ပေခန့်တွင်ရောက်ရှိနေပါပြီ။

လောလောဆယ်မြစ်ကမ်းစပ်နား ရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီဖြစ်တာကြောင့် ကယ်ဆယ်ရေးစခန်း (၄)ခုဖွင့်လှစ်ထားပြီး ပြည်သူတွေကို ရွှေ့ပြောင်းခိုင်းထားတယ်လို့ ဘီးလင်းမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

photo-Khin Naing Oo

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်သို့ ရောက်ရှိနေပြီဖြစ်တာကြောင့် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင်လ (၉) ရက်နေ့ နံနက် (၁၀) က ထုတ်ပြန်ကြေညာပါတယ်။ စိုးရိမ်ရေမှတ်ကို နီးနေပြီဖြစ်တာကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းမှာ

နေထိုင်ကြသူများ အထူးသတိပြုနေထိုင်ကြရန်ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

photo-မိုးဇလ

“ဘီးလင်းမြို့မှာက လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးအဆက်မပြတ်နီးပါး ရွာခဲ့တယ်။ ဇူလိုင်က (၈)ရက်နေ့ မနက် (9:30)ကနေ ဒီကနေ့ ဇူလိုင်လ(၉)ရက် မနက် (9:30) လောက်အထိရွာခဲ့တာ။ အခုတော့မိုးတိတ်သွားပြီ။ ဒါပေမယ့် ၁ ရက်လုံး အဆက်မပြတ်ရွာထားတော့ မြစ်ရေကတက်ပြီး စိုးရိမ်ရေမှတ် 1022cm မှာ ဒီမနက် (၁၀)နာရီတိုင်းတာချက်အရ 973cm ကိုရောက်နေပြီ။ နောက်ထပ် မိုးထပ်ရွာမယ်ဆိုရင်တော့ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်နိုင်တယ်" လို့ ဇူလိုင်လ(၉)ရက်နေ့က ဘီးလင်းမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုရုံးမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ မြစ်ကမ်းစပ်နားကရပ်ကွက်တွေမှာ ရေတွေဝင်နေပြီဖြစ်လို့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ပြည်သူတွေကို ရွှေ့ပြောင်းခိုင်းထားပါတယ်။ ဒီမနက်မှ ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်လို့ လူဦးရေ မည်မျှရှိကြောင်းကိုမူ အတိအကျ မသိရသေးဘူးလို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေးစခန်း (၄)ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က