လူဦးရေ ၂၇ သန်းကျော်ကို lockdown ပြန်သတ်မှတ်ထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေအနက် နေ့အလိုက် COVID-19 ကူးစက်မှုအသစ် စံချိန်တင် အများဆုံးတွေ့ရှိရမှုအဖြစ် ဖိလစ်ပိုင်မှာ အတည်ပြုလူနာ ၆,၃၅၂ ဦး ယနေ့ (ဩဂုတ် ၄ ရက်) တိုးလာခဲ့ပါတယ်။

(Photo: EPA)

ယနေ့ထုတ်ပြန်တဲ့ စာရင်းတွေအရ ဖိလစ်ပိုင်မှာ ကူးစက်ခံရသူ ၁၁၂,၅၉၃ ဦးနဲ့ သေဆုံးသူ ၂,၁၁၅ ဦးရှိလာခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ COVID-19 ကူးစက်မှုအသစ်များ တစ်ဟုန်ထိုး မြင့်တက်နေမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနိုင်ကြောင်း ဆရာဝန်တွေက သတိပေးလာခဲ့ပြီးနောက် သန်းနဲ့ချီတဲ့ လူဦရေကို lockdown ပြန်လုပ်ထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။



မနီလာမြို့တော်နဲ့ လူဇွန်ကျွန်းပေါ်ရှိ ပတ်ဝန်းကျင် ပြည်နယ်လေးခုမှာ နေထိုင်ကြတဲ့ လူဦးရေ ၂၇ သန်းကျော်ကို ကန့်သတ်ချက်အသစ်များနဲ့ သီတင်းနှစ်ပတ်ကြာ lockdown လုပ်သွားမယ်လို့ ၂၄ နာရီ ကြိုတင်အသိပေးခဲ့ပါတယ်။ ယခု lockdown အစီအမံအရ စီးပွားရေးလုပ်ငန်း အများအပြားကို ပိတ်ထားရပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ လေယာဥ်ပျံသန်းမှုတွေ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

(Photo: Reuters)

ဖိလစ်ပိုင်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး အတင်းကျပ်ဆုံး lockdown အစီအမံတွေကို ဇွန်လအတွင်းမှာ ဖြေလျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ သို့သော် lockdown ဖြေလျှော့ခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင်မှာ ကူးစက်မှုအသစ်များ ငါးဆပိုတိုးလာခဲ့တာ တွေ့ရပါတယ်။

ယခုအခါ lockdown ပြန်လုပ်မယ့် ကန့်သတ်ချက်တွေအရ မရှိမဖြစ် ကုန်ပစ္စည်းများဝယ်ယူရန်နဲ့ အိမ်ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ရန်ကလွဲပြီး အိမ်မှာသာနေကြရန် အမိန့်ထုတ်ထားပါတယ်။ စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

(Photo: AFP)

ဖိလစ်ပိုင်မှာ COVID-19 ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေရာ ဆရာဝန် ၈၀,၀၀၀ နဲ့ သူနာပြု ၁ သန်းကို ကိုယ်စားပြုတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၈၀ က ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ဆောင်ရွက်ရေး သသမ္မတဒူတာတေးကို စနေနေ့ (ဩဂုတ် ၁ ရက်) မှာ တောင်းဆိုခဲ့ကြကြောင်း CNA သတင်းက ပြောပါတယ်။

ဖိလစ်ပိုင်မှာ lockdown ပြန်လည်သတ်မှတ်မှု ယနေ့ စတင်သက်ရောက်ခဲ့ရာ သယ်ယူပို့ဆောင်ရေးစနစ် ရပ်ဆိုင်းလိုက်တာကြောင့် မနီလာမြို့တော်မှ ၎င်းတို့နေရပ်မြို့များသို့ ပြန်ကြမယ့် လူအများအပြား‌ သောင်တင်နေကြကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က