လူပေါင်းဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ မုတ်သုန်မိုးသည်းထန်ပြီး မြေပြိုမှုတစ်ခုကြောင့် သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၂၁ ရက်) ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက မြေပြိုမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ညလုံးပေါက် တူးဖော်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

Photo: EPA





ယခုဖြစ်ရပ်ဟာ မကြာသေးမီးက စူပါတိုင်ဖွန်းမုန်တိုင်းမန်ဂွတ် ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ ဖိလစ်ပိုင်မှာ နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ စီဘူးကျွန်းပေါ်ရှိ နာဂါမြို့အနီး အစွန်အဖျားဒေသမှာ ကြာသပတေးနေ့ (စက်တင်ဘာ ၂၀ ရက်) က ကြီးမားတဲ့ မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မြေပြိုမှုအတွင်း လူပေါင်းဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။

Photo: AFP



ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့်လည်း လူ ၈၈ ဦး သေဆုံးခဲ့ပြီး အများစုဟာ နိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်ရာဒေသတွေမှာ မြေပြိုကျမှုကြောင့် သေဆုံးခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှ ၂၄ နာရီအတွင်း အလောင်း ၂၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဒေသခံ ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရအမျိုးသား ဂျူလီရက်စ် ရက်ဂ်နာက AFP ကို ပြောပါတယ်။

Photo: AFP



ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သမားများနဲ့ ကျွမ်းကျင်သူများပါဝင်တဲ့ လူအင်အား ၂၀၀ ခန့်က စက်ယန္တရားကြီးများသုံးပြီး ပျောက်ဆုံးနေသူ ၅၀ ခန့်ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ယနေ့မှာ ပျောက်ဆုံးနေသူအားလုံးကို ပြန်ရှာတွေ့မယ်လို့ မျှော်လင့်ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။ ယခု မြေပြိုမှုဖြစ်ပွားခဲ့တဲ့ စီဘူးကျွန်းဟာ စူပါတိုင်ဖွန်းမန်ဂွတ် တိုက်ရိုက် ဖြတ်သန်းတိုက်ခတ်မှု မကြုံခဲ့ရဘဲ မုတ်သုန်မိုးများ သည်းထန်စွာရွာသွန်းခဲ့ရာမှာ မြေပြိုမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က