သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အစိုးရတာဝန်ရှိသူက ပြောပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း မွန်ဂွတ်က ဖိလစ်ပိုင်မြောက်ပိုင်း ကုန်းတွင်းပိုင်းဒေသတွေကို ယနေ့ (စက်တင်ဘာ ၁၅ ရက်) မနက်အစောပိုင်းမှစပြီး ဝင်ရောက်တိုက်ခတ်နေခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး နေရာအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

Photo: AFP



စူပါတိုင်ဖွမန်ဂွတ် (Super Typhoon Mangkhut) တိုက်ခတ်မှုအတွင်း မြေပြိုမှုတွေကြောင့် အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ပြင်းအားအဆင့် ၅ (Category 5) အဆင့်ရှိ အလွန်အားကောင်းတဲ့ တိုင်ဖွန်းမန်ဂွတ်က ကာဂါယန်းပြည်နယ်ကို ယနေ့မနက်အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး လူဇွန်ကျွန်းတစ်လျှောက်လုံးမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: AP

ယခုမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၂၀၁၈ ခုနှစ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ၁၅ ခုမြောက်နဲ့ အားအကောင်းဆုံး မုန်တိုင်းလည်းဖြစ်လာပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၁၅ မိုင်မှ အမြင့်ဆုံး ၁၈၉ မိုင်အထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။စူပါတိုင်းဖွန်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်မှာ သစ်ပင်များလဲပြိုခြင်း၊ နေအိမ်များပျက်စီးခြင်း၊ ဓာတ်အားလိုင်းနဲ့ တယ်လီဖုန်းလိုင်းတိုင်များ ပြိုလဲခြင်း အစရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: AP

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ ဖိလစ်ပိုင်ပြည်သူ ၁၀ သန်း နေထိုင်လျက်ရှိကြပြီး မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တိုင်းဖွန်းမန်ဂွတ်ဟာ ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် တရုတ်တောင်ပိုင်း၊ ဗီယက်နမ်နဲ့ ဟောင်ကောင်ကို ဆက်လက် ဦးတည်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဟောင်ကောင်မှာလည်း စူပါတိုင်ဖွန်းမန်ဂွတ် တိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ကို မုန်တိုင်းများဝင်ရောက်မှု

ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ အပူပိုင်းမုန်တိုင်း ပျမ်းမျှအရေအတွက် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိရာ သေဆုံးသူအရေအတွက် ရာနဲ့ချီပြီး လူဦးရေသန်းနဲ့ချီကာ ဆင်းရဲမွဲတေမှုဖြစ်စေပါတယ်။

Photo: AFP

ပြီးခဲ့တဲ့လအတွင်းကလည်း အပူပိုင်းမုန်တိုင်းယာဂီနဲ့ မုတ်သုန်မိုးတွေကြောင့် လူဇွန်ကျွန်း အလယ်ပိုင်းဒေသအပြင် မနီလာမြို့တော်မှာလည်း ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး မုန်တိုင်းမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာအတွင်း တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် ဖြစ်ပါတယ်။ အဆိုပါ စူပါတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၅၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။

 

Share

Loading Next Article...
က္က