ဖိလစ်ပိုင်လမ်းပေါ်မှာ တွေ့ခဲ့ကြတဲ့ ခွေးပေါက်လေးဟာ ခွေးရူးပြန်ရောဂါ ဖြစ်နေခဲ့ပုံရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို အားလပ်ရက် အလည်ထွက်ခဲ့တဲ့ နော်ဝေအမျိုးသမီးတစ်ဦးဟာ လမ်းဘေးခွေးပေါက်လေးတစ်ကောင်ထံမှ ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

(ခွေးချစ်တတ်သည့် ကယ်လီစတက်ဒ်(Photo: Birgitte Kallestad/Facebook)

နော်ဝေနိုင်ငံမှ အသက် ၂၄ နှစ်အရွယ် ဘာဂစ်တီ ကယ်လီစတက်ဒ် (Birgitte Kallestad) အမည်ရှိ အမျိုးသမီးက အားလပ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ဖိလစ်ပိုင်ကို သွားရောက်လည်ပတ်စဉ် လမ်းဘေးခွေးပေါက်လေးကို တွေ့ခဲ့ကြတယ်လို့ သူမရဲ့မိသားစုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။



ကယ်လီစတက်ဒ်နဲ့ သူငယ်ချင်းတွေ ဖိလစ်ပိုင်လမ်းပေါ်မှာ တွေ့ခဲ့ကြတဲ့ ခွေးပေါက်လေးဟာ ခွေးရူးပြန်ရောဂါ ဖြစ်နေခဲ့ပုံရတယ်လို့ သိရပါတယ်။ ကယ်လီစတက်ဒ်တို့အုပ်စုက ထိုခွေးပေါက်လေးကို တည်းခိုရာနေရာသို့ ယူဆောင်လာခဲ့စဉ် ကယ်လီစတက်ဒ်ဟာ အကိုက်ခံခဲ့ရပြီးနောက် ခွေးရူးပြန်ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ ယူဆရပါတယ်။

(ဖိလစ်ပိုင်ခရီးစဉ်မှ ဓာတ်ပုံကို Instagram မှာ ကယ်လီစတက်ဒ်က တင်ထားခဲ့မှု) (Photo: Birgitte Kallestad/Instagram)

ကယ်လီစတက်ဒ်ဟာ နော်ဝေနိုင်ငံကို ပြန်လည်ရောက်ရှိပြီး မကြာမီမှာပင် နေမကောင်းဖြစ်ခဲ့ပြီးနောက် တနင်္လာနေ့ (မေ ၆ ရက်) က သူမ အလုပ်လုပ်ကိုင်တဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကယ်လီစတက်ဒ် သေဆုံးမှုဟာ နော်ဝေမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ခွေးရူးပြန်ရောဂါကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ကယ်လီစတက်ဒ်ဟာ ခွေးပေါက်လေးနဲ့ ဆော့ကစားခဲ့စဉ် အကိုက်ခံခဲ့ရခြင်း သို့မဟုတ် ကုတ်ခြစ်ခံခဲ့ရခြင်းကြောင့် သူမထံမှာ သေးငယ်တဲ့ဒဏ်ရာလေးတွေ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သို့သော် ထိုဒဏ်ရာငယ်တွေကို ဆေးကုမှု နောက်ထပ်ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။

(ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့သည့် ကယ်လီစတက်ဒ်) (Photo: Birgitte Kallestad)

ကယ်လီစတက်ဒ်ဟာ နော်ဝေကိုပြန်ရောက်ပြီးနောက် ဆေးရုံမှာ လုပ်ငန်းခွင်ပြန်ဝင်ခဲ့ပြီး အရေးပေါ် လူနာခန်းကိုလည်း ရောက်ရှိခဲ့သေးပေမဲ့ ဆရာဝန်တွေက သူမရဲ့ရောဂါကို အချိန်မီ မသိရှိနိုင်ခဲ့ကြဘူးလို့ BBC သတင်းမှာဖော်ပြပါတယ်။ ကယ်လီစတက်ဒ်က တိရိစ္ဆာန်တွေကို ချစ်တတ်သူဖြစ်ကြောင်းနဲ့ သူမကဲ့သို့ တိရိစ္ဆာန်ချစ်တတ်တဲ့ အခြားသူတွေ ယခုလိုအဖြစ်မျိုးကြုံမှာ စိုးရိမ်မိတယ်လို့ မိသားစုက ပြောပါတယ်။

ခွေးရူးပြန်ရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမဲ့ မကုသဘဲထားမိပါက လူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ရောဂါပိုးဝင်ပြီး အသက်အန္တရာယ်ရှိကြောင်း သိရပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူပေါင်းထောင်နဲ့ချီ သေဆုံးနေပြီး အများစုဟာ ခွေးရူးပြန်ရောဂါ ပျံ့နှံ့မှုတွေရှိနေတဲ့ အာရှနဲ့ အာဖရိကမှာ ဖြစ်ကြပါတယ်။

(ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်) (Photo: Science Photo Library)

နော်ဝေနိုင်ငံမှာ ခွေးရူးပြန်ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရန် သတ်မှတ်ထားခြင်းမရှိပါဘူး။ သို့သော် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုတွေရှိတဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံတွေကို သွားရောက်မယ့်သူတွေကိုတော့ ကာကွယ်ဆေးထိုးကြရန် နော်ဝေနိုင်ငံ Institue of Public Health က တိုက်တွန်းထားပါတယ်။ ခွေးရူးပြန်ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ မှာ ဖြစ်ပွားမှုတွေရှိနေပြီး ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တယ်လို့ Institue of Public Health မှ အကြီးတန်း ကျန်းမာရေးအရာရှိ Sir Feruglio က ပြောပါတယ်။

  • မြန်မာနိုင်ငံနဲ့ ခွေးရူးပြန်ရောဂါ

မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုတွေရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၉၈ ဦး၊ ၂၀၁၆ ခုနှစ်မှာ ၉၉ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၇၈ ဦးနဲ့ ၂၀၁၈ ခုနှစ်မှာ ၆၉ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းမှာဖော်ပြထားကြောင်း 7Day Daily သတင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း

သာကေတမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦး ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။

(မြန်မာနိုင်ငံမှ လမ်းဘေးခွေးတစ်ကောင်ကို တွေ့ရစဉ်)

လိှုင်မြို့နယ်မှာ မ်းဘေးခွေးအကောင်ရေ ၅၀၀ ကို မျိုးပွားမှုနှုန်းထိန်းချုပ်ရန် ခွေးထီးများကို သင်းကွပ်ခြင်း၊ ခွေးမများကို သားကြောဖြတ်ခြင်းနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ခွေးအကောင်ရေ ၄ သန်းနီးပါး (၃ ဒသမ ၈ သန်း) ရှိပြီး ၎င်းတို့နက် ၇၀ ရာခိုင်နှုန်းဟာ လမ်းဘေးခွေးများ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့မှတော့ာ အကောင်ရေ ၁ သိန်းခွဲရှိတယ်လို့ သိရပါတယ်။ ယမန်နှစ်အတွင်း တစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှု ၁ သိန်း ၉ သောင်းကျော်ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းမှာဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က