ဒီနေ့ (မေလ ၂၁) ရက်နေ့က စစ်ကိုင်းမှာ သွားဝတ်တာဖြစ်ပါတယ်။

စစ်ကိုင်းချောင်မှာ ဝိမလညဏ်ဏီတဘွဲ့နဲ့ သီလရှင်ဝတ်နေတဲ့ ပိုပိုဟာ ဆံချတဲ့အချိန် သူမရဲ့ အဘွားနဲ့ မိဘနှစ်ပါးကို သတိရတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြထားပါတယ်။ ပိုပိုဟာ သူမရဲ့မိခင်က တစ်မြို့တည်း အတူတူနေထိုင်တာဖြစ်ပြီး သက်ရှိထင်ရှား ရှိသေးတယ်ဆိုတာကိုလည်း သိခွင့်ရခဲ့ပါတယ်တဲ့။

Photo: Myo Min Soe



အဆိုတော်ပိုပိုက ဒီနေ့ (မေလ ၂၁) ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမှာ သီလရှင်ဝတ်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ဆံချတဲ့အချိန်မှာ ဘေးနားမရှိနိုင်တော့တဲ့ အဘွားဖြစ်သူနဲ့အတူ မိဘနှစ်ပါးကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြထားပါတယ်။

‘’အဘွားရေ  သမီး သာသနာ့ဘောင်ထဲ ဝင်တော့မယ်။ ပြုသမျှ ကုသိုလ်တွေ အဘွားအတွက် ရည်စူးပါတယ်နော်။ ဆံချတော့မယ်ဆို ဘေးမှာကိုင်ပေးမဲ့ အဘွား လည်းမရှိ၊ အဖေလည်း မရှိတော့ အသက်ရှင်နေဆဲရှိပေမဲ့ မတွေ့နိုင်၊ မဆုံနိုင်တော့တဲ့ အမေကိုတော့ ဘေးမှာရှိရင် ကောင်းမယ် တွေးမိပါတယ် လေ’’ ဆိုပြီးတော့ မေလ ၂၀ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက် သူမဟာ သီလရှင် ၉ ရက်ဝတ်မယ် ဆိုတာကိုလည်း မေလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ ‘’ဆရာလေး ဝတ်တာတောင် ၉ ရက် ၉ စုံနဲ့ ချေပစ်တာနော် ။ သင်္ကန်းလှူတဲ့ အမေ ခိုင်နဲ့ ရွှေနယား (ခန့်ကိုကိုနိုင်) တို့ကို ကျေးဇူးအထူးပါ ‘’ လို့ ဆိုပါတယ်။ ပိုပို့ရဲ့ သီလရှင်ဘွဲ့နာမည်ကတော့ ''ဝိမလညဏ်ဏီတ'' ဖြစ်ပါတယ်။

Photo: Po Po

ပိုပို့ကို မွေးထားတဲ့ မိခင်ဖြစ်သူကတော့ အခုချိန်ထိ သက်ရှိထင်ရှားရှိသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း မတွေ့ဆုံနိုင်တာကြောင့် ဝမ်းနည်းနေတယ်လို့ ဆက်လက် ပြောပြထားပါသေးတယ်။

‘’ဒီနေ့ လေဆိပ်နားက ဖြတ်သွားတော့ အမေ့အကြောင်းသိတဲ့ အမကို မေးကြည့်မိတယ်။ ရန်ကုန်တစ်မြို့တည်းမှာရှိနေပေမယ့်လည်း မတွေ့နိုင်တော့ စဉ်းစားမိတိုင်း ဝမ်းနည်းရုံမှ တစ်ပါး။ မျက်ရည်ဝဲပေမယ့် သူများတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ကြိတ်မျက်ရည်ဝဲ စိတ်မကောင်းရုံပါ’’ လို့ ဆိုပါတယ်။

Photo: Po Po

ပိုပိုဟာ မိဘနှစ်ပါးကပေးတဲ့ အမွေဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ သာသာနာအကျိုးဆောင်ရွက်ရမှာဖြစ်လို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

‘’အဖေနဲ့ အမေရဲ့ ပေးထားတဲ့ အမွေဖြစ်တဲ့ ဒီခန္ဓာနဲ့ တရားအားထုတ် ဖို့ ပြန်တွေးတော့လည်း ကျေးဇူးတင်ပါတယ်။ အတိတ်ဘဝက အမေ တော်စပ်ခဲ့ကြတဲ့ မွေးစားအမေတွေ၊ အကိုတွေ မိတ်ဆွေတွေကတော့ ဘေးမှာရှိနေပေးမယ်ဆိုတော့ ဝမ်းနည်း ဝမ်းသာပါပဲလေ။ သံသရာမှာ နောက်ထပ် မျက်ရည်တွေ မလိုချင်တော့ပါဘူး။ ကိုယ်ပြုထားတဲ့ ကံတွေ ကို ဒီဘဝ အပြီးဆပ်နိုင်ပါရစေ’’ လို့ သူကဆိုပါတယ်။

Photo: Myo Min Soe

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။ ဒီနေ့(မေလ ၂၁)ရက်နေ့မှာ သာသာနာ့ဘောင်ထဲကို သူနဲ့အတူ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေးပရိသတ်တွေပါ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ အနုပညာကြေးနဲ့ ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပို့ကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က