သီလရှင်ဝတ်နေတုန်း ရရှိခဲ့တဲ့ အကျိုးတွေကို ပြောပြထားတာပါ။

သီလရှင်ဝတ်နေတဲ့ နေခြည်ဦးဟာ ဒီနေ့မှာ လူပြန်ထွက်လာပြီ ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအဖြစ် သီလရှင်ဝတ်ခဲ့တဲ့ သူမဟာ နောက်ပိုင်းမှာလည်း အခွင့်အရေးပေးရင် ထပ်ဝတ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Photo : နေခြည်ဦး FB



သီလရှင်ဝတ်နေတဲ့ သရုပ်ဆောင် နေခြည်ဦးဟာ ဒီနေ့(ဖေဖော်ဝါရီ၆ရက်)မှာ လူပြန်ထွက်လို့လာပြီ ဖြစ်ပါတယ်။ လူပြန်ထွက်လာတဲ့ အချိန်မှာ သီလရှင်ဝတ်နေတုန်း ရလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တရားတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပထမဆုံး သူပြောပြထားတာကတော့ သည်းခံရမယ်ဆိုတဲ့ အချက်ပါ။

Photo : နေခြည်ဦး FB

သည်းခံနိုင်မှာသာ လောဘဒေါသမောဟငြိမ်းမယ်ဆိုပြီး ပြောထားသလို တခြားအချက်လေးတွေကိုလည်း ပြောပြထားပါသေးတယ်။

“သည်းခံရမယ်၊ သည်းခံနိုင်မှ လောဘဒေါသမောဟ ငြိမ်းမယ်။ လူကိုလူလို့ ကြည့်တတ်ရမယ်၊ လူရယ်လို့ ဖြစ်လာရင် ကိုယ်လုပ်တာဘဲ အကောင်း သူတစ်ပါးလုပ်တာဆို မကောင်းမြင်တာ သဘာဝဘဲ။ ဒါကို နားလည်ပြီး လက်ခံရမယ်။ မေတ္တာရဲ့ အံ့မခန်းဓါတ်တွေ ကိုယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ အထွတ်အထိပ်ရောက်ချင်ရင် ပေးဆပ်နိုင်ရမယ်။ သူများနဲ့ မတူတဲ့ အရာတွေကို ပေးဆပ်နိုင်လေ ကိုယ်ထိပ်ရောက်လေဘဲ။ ကိုယ်ဘယ်နေ့ ဘယ်အချိန်သေမလဲ မသိရတဲ့ဘဝမှာ တရားရှာရမယ့် အရွယ်အထိ မရောက်နိုင်ခဲ့ရင် ဒီ လောကုတ္တရာမှာဘဲ ပျော်မွေ့ရင် အခုသေသွားရင် ဘာကုသိုလ်တွေပါသွားမှာလည်း စဉ်းစားကြည့်ရအောင်။ ကိုယ်ဘယ်လောက်ပေးဆပ်နိုင်ပြီး သီလစောင့်တည်နိုင်မလဲအရေးကြီးတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၆) ရက်နေ့ မနက်က ရေးသားထားတာတွေ့ရပါတယ်။

Photo : နေခြည်ဦး FB

ဆက်လက်ပြီးတော့လည်း သီလရှင်ဝတ်နေတဲ့ အချိန်မှာ လုပ်ခဲ့တဲ့ အလုပ်လေးတွေကိုလည်း လူထွက်ပြီးတောင်မှ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောထားပါသေးတယ်။

“မနက်တိုင်း အိမ်ကဘုရားကို သောက်တော်ရေကပ်မယ် ဆွမ်းကပ်မယ် ဘုရားပန်းလဲမယ် ပါဌာန်းအကျဉ်းအကျယ်ရွတ်မယ် မေတ္တာသုတ်ရွတ်မယ် အမျှဝေမယ်။ ဒီအကျင့်တွေက မယ်သီလရှင်ဝတ်လိုက်မှ ရလိုက်သိလိုက်ရတာတွေဖြစ်တဲ့အတွက် အခုလူထွက်သွားလည်း ဆက်လုပ်နေမှာဘဲ။ ကိုယ်ဘယ်လောက်ကျင့်နိုင်လဲဘဲ အရေးကြီးတယ်။ ကိုယ့်ရင်ထဲမှာ ဘုရားဆောက်တည်မယ် သီလစောင့်တည်မယ် ကောင်းသောအလုပ် ကောင်းသောစကားကိုဘဲပြောမယ်။ ကိုယ့်အလုပ်မှာ စေတနာထားမယ် သတ္တဝါတွေကို ကယ်တင်မယ့် ပါရဟိတစိတ်ရှိမယ်။ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ နေ့စဉ်လူ့ဘဝမှာ လုပ်လို့ရတာကြီးဘဲ။ဘာအရာမှာမဆို ဘာသာရေးဘဲဖြစ်ဖြစ် စီးပွားရေး လူမှုရေးပညာရေး ယုံကြည်မှုရှိရမယ်။ ဆရာကောင်းသမားကောင်းရှိရမယ်။ ယုံကြည်မှုမရှိရင် မအောင်မြင်နိုင်ဘူး။ ဘာလုပ်ချင်ချင် တကယ်လုပ်ချင် တကယ်ကြိုးစား အဟုတ်ဖြစ်ရမယ်။” လို့ သူမက ဆိုပါတယ်။

Photo : နေခြည်ဦး FB

နေခြည်ဦးဟာ ဖေဖော်ဝါရီ(၁) ရက်နေ့က လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ သီလရှင် ဝတ်ခဲ့တာ ဖြစ်ပြီး ဆရာလေး နန္ဒဿနညာဏီဘွဲ့ကို ခံယူခဲ့တာ ဖြစ်ပါတယ်။ (၆) ရက်တိတိ သီလရှင်ဝတ်မယ့် သူမက ဒီနေ့ (၆)ရက်ပြည့်တဲ့နေ့မှာ လူပြန်ထွက်မှာ ဖြစ်ပါတယ်။ 

နေခြည်ဦးကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် သူမဟာ ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က