မြောက်ဒဂုံမှာပါ။

သရုပ်ဆောင် မေဘရဏီသော်က ဒီနေ့နံနက်ပိုင်းမှာ သီလရှင်ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သာဓုခေါ်နေကြပါတယ်။

 

photo : nyunt zaw aung

သရုပ်ဆောင်မေဘရဏီသော်ကတော့ ဒီနေ့မှာ သူမဖြစ်ချင်တဲ့ စိတ်ကူးလေးကို အကောင်အ ထည် ဖော်နိုင်ခဲ့ပါပြီ။ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ထဲဝင်ဖို့ စိတ်ကူးခဲ့တာ (၂)နှစ်ပါးလောက် ရှိခဲ့ပြီး ဒီနေ့မှာမှ အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။မေဘရဏီသော်က ဒီနေ့(အောက်တိုဘာ ၁၀ရက်)နံ နက်ပိုင်းမှာ တော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သုဝဏ္ဏဘူမိ ခေမာရာမ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ခဲ့ပါတယ်။

photo : nyunt zaw aung

သီတင်းကျွတ်ပိတ်ရက်အတွင်းမှာ သီလရှင်ဝတ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေဘရဏီသော်ရဲ့ မိခင်က Duwun ကို ယခုလို ပြောပြခဲ့ပါတယ်။

“သမီးကသီလရှင်ဝတ်ဖို့ စိတ်ကူးနေတာ ၂နှစ်လောက် ရှိနေပြီ။ သီလရှင်ဝတ်တွေဝယ်ထားတာလည်း ကြာပြီလေ။ အလုပ်တွေက မအားတာနဲ့ မဝတ်ဖြစ်ခဲ့ဘူး။ဒီရက်ပိုင်းက အလုပ်လည်း အားတော့ ရုတ်တရက် ထဝတ်ဖြစ်သွားတာ။ (၇)၇က်တိတိဝတ်မယ်ပြောတယ်” လို့ ဆိုပါတယ်။

မေဘရဏီသော်ရဲ့ ဘွဲ့နာမည်ကတော့ ဆရာလေး သုမနထေရီဆိုပြီး အမည်တွင်ခဲ့တယ်လို့ သိရပါတယ်။

photo : မေဘရဏီသော်

မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလှမယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ သူမှာ အခုနောက်ပိုင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်လို့နေပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ တိုင်ရွန်၊ နေခြည်ဦး၊ မေဘရဏီသော်တို့က အဓိကပါဝင်ထားတာ ဖြစ်ပြီး အောက်တိုဘာ(၁၇) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က