သူ့အတွက် အားဆေးတွေပါ။

Pride of Myanmar က ပေးတဲ့ Social Influencer မှာ အောင်မြင်သူတစ်ဦးအဖြစ် နေခြည်ဦးက ရရှိခဲ့တာပါ။ သူသီလရှင်ဝတ်နေတုန်း ရခဲ့တဲ့ ဆုလေးမို့ သူ့အတွက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

Photo : Haw



Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ Pride Of Myanmar က ပေးတဲ့ ဆုကို ရရှိခဲ့ပါတယ်။ နေခြည်ဦးက Social Influencer နယ်ပယ်မှာ

မျက်

မေ

ှာက်ခေတ် အလှအပရေးရာတွင် အောင်မြင်နေသော စံပြအမျိုးသမီး၊ လူမှုဆက်ဆံရေး မီဒီယာတွင် လူသိများ ထင်ရှားသူ၊ အမျှော်အမြင်ရှိသော စီးပွားရေးလုပ်ငန်းရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဆုေပးအပ်ပွဲနေ့က နေခြည်ဦးဟာ သီလရှင်ဝတ်နေတာဖြစ်လို့ နေခြည်ဦးအစား သရုပ်ဆောင် မော်ဒယ် ခါရာက ကိုယ်စား တက်ရောက်ယူပေးခဲ့ရပါတယ်။



Photo : Haw

ဖေဖော်ဝါရီ(၆) ရက်နေ့က လူပြန်ထွက်လာတဲ့ နေခြည်ဦးက ဆုရတာနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်ကို အခုမှ သူ့ရဲ့ ပရိသတ်တွေကို ပြောပြလာတာဖြစ်ပါတယ်။

“မယ်သီလရှင် ဝတ်တဲ့နေ့လေးမှာ ရတဲ့ဆုမို့လို့ နေခြည့်အတွက် ပိုတန်ဖိုးရှိပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် Pride Of Myanmar Awards ဆက်လျှောက်ရမယ့် ခြေလှမ်းတွေအတွက် တကယ့်အားပါ။ And thanks to everyone who voted me!!! “ ဆိုပြီး ဖေဖော်ဝါရီ (၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ ကဏ္ဌအသီးက ထူးချွန်ထက်မြက်သူတွေကို ရွေးချယ်ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 ဆုပေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက ပြည်လမ်းနဲ့ စကားဝါလမ်းထောင့်ရှိ Pegu Club မှာ စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီပွဲမှာ နေခြည်ဦးနဲ့ အတူ 

စီးပွားရေး လုပ်ငန်းရှင် ကိုထက်မြတ်ဦး၊ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေသူ 

Joshua ချစ်ထွန်း၊ ပန်းချီပညာရှင်ကြီး ဦးလွန်းကြွယ်၊ ကိုမိုးစက်၊ အားကစားသမား အောင်သူ၊ ဖက်ရှင်ရေးရာမှာ ထူးချွန်သူ မေမြတ်နိုး၊

 ဖျော်ဖြေရေးကဏ္ဍအတွက် အိန္ဒြာကျော်ဇင်တို့က ဆုတွေအသီးသီး ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Photo : Haw

နေခြည်ဦး(Nay Chi Oo) က ဖေဖော်ဝါရီ(၁) ရက်နေ့က မွေးနေ့အမှတ်တရအဖြစ် သီလရှင်ဝတ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ(၆) ရက်နေ့မှာ လူပြန်ထွက်ခဲ့ပါတယ်။ လက်ရှိမှာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။


နေခြည်ဦးကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က