ထီဖွင့်မယ် မတ်လ ၁ ရက်နေ့ မနက် ၇ နာရီကျော်မှ လက်ကျန်ထီအားလုံးကို ထိုးခဲ့ရာမှ နေပြည်တော်မှ ဆရာတော်ဟာ သိန်းတစ်သောင်းခွဲဆုရရှိခဲ့တယ်လို့ သိရပါတယ်။
(Photo- သိန်း ၁၅၀၀၀ ဆွတ်ခူးခဲ့သည့် ထီလက်မှတ်ဂဏန်း)
ကံထူးရှင်ဆရာတော်ဟာ ပုဗ္ပသီရိမြို့နယ်၊ တောင်နီလေးကျောင်းတိုက် အေးမေတ္တာစံ ပရဟိတကျောင်းမှ ဆရာတော် ဦးစန္ဒိမာဖြစ်ပြီး ထီမဖွင့်ခင့် ၂ နာရီအလိုမှာမှ ပုဗ္ပသီရိမြို့နယ်ရှိ ဦးဝတုတ်ထီဆိုင်မှာ လက်ကျန်ထီအားလုံးကို ထိုးခဲ့တာဖြစ်တယ်လို့ အေးမေတ္တာစံပရဟိတကျောင်းမှ မဝင်းဝင်းမော်က Duwun ကို ပြောပါတယ်။
“ဆရာတော်က ထီကို လစဉ်တိုင်းထိုးပါတယ်။ ထီဆိုင်ကိုယ်တိုင်က ကျွန်မတို့ကို လာတိုက်ပေးပါတယ်။ဆရာတော်လည်း ဒီသတင်းကိုကြားတော့ အရမ်းဝမ်းသာနေပါတယ်။ ထီပေါက်တယ်ဆိုတော့ ပရဟိတလုပ်ငန်းတွေကို ရှေ့ဆက်ပြီးတော့ ပိုလုပ်သွားဖို့ရှိပါတယ်။” လို့ မဝင်းဝင်းမော်က ပြောပါတယ်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ရဲ့ လမင်းကြယ်စင် ထီဆိုင်ကနေ အ-၇၉၂၉၄၁ နံပါတ်နဲ့ အောင်ဘာလေ သိန်းတစ်သောင်းခွဲထီဆုကြီးကို ပထမဆုံး ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
အေးမေတ္တာစံ ပရဟိဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေရဲ့ ပညာရေးကဏ္ဍကို ထောက်ပံ့ပေးနေတာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ မိသားစု အမြဲတမ်းသွားရောက်လှူဒါန်းနေကြတဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။