သူဘယ်လိုပြောထားမလဲ။

ဖေ့စ်ဘွတ်မှာ ပေါ်ပြူလာ ဖြစ်တာနဲ့ အနုပညာသမားဖြစ်ပြီးလားဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ မူတည်ပါတယ်တဲ့။

အဆိုတော် စည်သူလွင်ဟာ ဂီတလောကမှာ ယခုချိန်ထိ ပရိသတ်အားပေးမှုကို အချိန်ကြာကြာ ရရှိထားနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့သောလပိုင်းလောက်က တစ်ကိုယ်တော်ဖျေ်ာဖြေပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသေးတယ် ။ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ စည်သူလွင်ကို ယခုလက်ရှိ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ Myanmar Idol Season 3 က ခြိမ့်ကေကိုရဲ့ အနုပညာနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို Duwun Media က ယခုလို မေးမြန်းကြည့်ခဲ့ပါတယ်။

"ပျော်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ ဘယ်အရာမှ ကျွန်တော့်အနေနဲ့ အပြစ်မပြောပါဘူး။ အဓိကတော့ ကြည့်တဲ့သူကို ရသလေးတစ်ခုခု ပေးနိုင်တယ်ဆိုရင် ပြီးတာပါပဲ။ သူလည်း သူ့ကိုယ်သူ ကောင်းတယ်ထင်လို့ လုပ်တာပဲလေ။ ဒါကို ကိုယ့်အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး။ အဓိကက ပရိသတ်တွေက ဆုံးဖြတ်ပေးမှာပေါ့" ဆိုပြီး ဒီဇင်ဘာ(၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ International fashion Week မှာ Duwun Media သို့ ပြောပြခဲ့တာပါ။            
                

ဆက်လက်ပြီးတော့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ပေါ်ပြူလာဖြစ်တာနဲ့ အနုပညာသမားဖြစ်ပြီးလားဆိုတဲ့ မေးခွန်းအပေါ်ကိုလည်း ယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။

"ဖေ့စ်ဘွတ်မှာ ပေါ်ပြူလာ ဖြစ်တာနဲ့ အနုပညာသမားဖြစ်ပြီးလားဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ မူတည်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဆယ်လီဖြစ်တိုင်းလည်း အနုပညာသမားကောင်း တစ်ယောက် ဖြစ်တာမဟုတ်ဘူး။ အနုပညာသမားဖြစ်တာလည်း မဟုတ်ဘူး။ အဲ့ဒါမျိုးကိုု ခွဲခြားတတ်ဖို့လိုပါတယ်။ အနုပညာသမားဆိုတာ အနုပညာသမား သီးသန့်ရှိတယ်။ သူအနုပညာတွေဖန်တီးတယ်။ တီထွင်တယ်။ ပရိသတ်ဆီကို အရောက်ပို့ပေးတယ်။ တချို့ကျေတာ့ ဖေ့စ်ဘွတ်မှာ ပေါ်ပြူလာဖြစ်လာတယ်။ သူ့ကို စိတ်ဝင်စားလာတယ်။ Follower တွေ များလာတယ်။အဲ့တန်ဖိုးနဲ့ အနုပညာသမားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်လို့မရဘူး နှိုင်းယှဉ်စရာလည်း မဟုတ်ဘူး။ သက်သက်စီပါ။ ကွဲပြားပါတယ်" ဆိုပြီး သူက ဆိုပါတယ်။

စည်သူလွင်ဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေ တော်တော်များများ သွားနေရသလို သီချင်းအသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။ သီချင်းအသစ်တွေ သွင်းပြီး MTV တစ်ပုဒ်ချင်းစီ ရိုက်တာ အွန်လိုင်းမှာ တင်ပေးမယ်လို့ International fashion Week မှာ ပြောပြခဲ့ပါတယ်။

အဆိုတော် စည်သူလွင်က ၂၀၁၅ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ အဆိုတော် တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲတွေ သီဆိုခဲ့သလို ၂၀၁၆ခုနှစ်ကလည်း အဆိုတော် အေးချမ်းမေနဲ့ တွဲဖက်ပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က