ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားဆိုထားပါတယ်။

ညီမငယ်လေး ထင်သစ္စာအတွက် အစ်ကိုဖြစ်တဲ့ ဘုန်းမင်းနေလက မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ သူတို့မောင်နှမ နှစ်ယောက်ကတော့ ပရိသတ်အခိုင်အမာ ရရှိပြီးသား အနုပညာရှင်ပေါက်စလေးတွေပါ။

Photo: Phone MIn Nay La



ဇွန်လ ၂၅ ရက်နေ့ကတော့ သရုပ်ဆောင် ဘုန်းမင်းနေလရဲ့ ညီမငယ်လေး ထင်သစ္စာရဲ့ မွေးနေ့ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ညီမလေးအတွက် အစ်ကို ဖြစ်သူရဲ့ မွေးနေ့ဆုတောင်းစကားလေးက အရမ်းကို ကြည်နူးစရာကောင်းလှပါတယ်။

‘’ကိုကို့သဲလေး Happy Birthday နော်။ ကလေးလေး’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ညီမငယ်လေးနဲ့ သူ့ရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးကိုလည်း အမှတ်တရ တင်ခဲ့တာဖြစ်ပါတယ်။ ထင်သစ္စာအတွက် ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေကို Comment ကနေတဆင့် ပြောပြခဲ့ကြပါသေးတယ်။

ဘုန်းမင်းနေလ နဲ့ ထင်သစ္စာတို့ မောင်နှမ နှစ်ယောက်ဟာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားနဲ့ သမီးဖြစ်ပါတယ်။ ဘုန်းမင်းနေလကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာက စလို့ ပရိသတ်အားပေးမှု ပိုရရှိခဲ့တာပါ။ လက်ရှိမှာလည်း ဘုန်းမင်းနေလက အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Photo: Phone Min La

ထင်သစ္စာကိုတော့ ပရိသတ်တွေက ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေးအဖြစ် စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ မေမေ နဲ့အတူ မဂ္ဂဇင်းကာဗာတွေမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ပွဲလမ်းသဘင် တွေမှာလည်း မေမေ နဲ့ အစ်ကိုဖြစ်သူတို့နဲ့ အတူ လာလေ့ရှိတဲ့သူပါ။ ထင်သစ္စာကတော့ မေမေ၊ အစ်ကို တို့နဲ့ မတူတဲ့ ဂီတလမ်းကြောင်းကို ပိုဝါသနာပါတယ်လို့ Duwun media အင်တာဗျုးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က